31 C
Yangon

မြိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ပုလဲတွင်လည်း စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ရွာ(ပျူစောထီးရွာ)တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားသော ပျူစောထီးရွာကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တာဝေးပစ် လက်လုပ် လက်နက်ကြီး ၁၀၀ မမ ၊ ၈၀ မမ များဖြင့် ၂၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) မှ ဦးဆောင်ပြီး Myaing Warriores တပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများမှ ပူးပေါင်း ပြုလုပ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ ငွေကြေး ကောက်ခံနေသည့် ဂိတ်များ နေအိမ်များ လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းရွာနှင့်မွေ့တုံကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A)၏ အထူးကွန်မန်ဒို ၁၃ ဦးမှ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် အနီးကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article