ရန်ကုန်၊ စက်တင်ဘာ ၁၅
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ မြင်းဇာ၊ လာပို့၊ ရွာစည်ရွာနှင့် လယ်မရွာ အပါ အဝင် ကျေးရွာ ၁၀ ခုမှ အိမ်ခြေ ၁၈၇ လုံး ၊ စပါးကျီနှင့် ယာဉ်များကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသား ၁၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်း ဆီးသွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် မြင်းဇာရွာကို စက်တင်ဘာလ ၁၀ ရက်နေ့၊ လာပို့ရွာနှင့် ရွာစည်ရွာကို စက်တင်ဘာလ ၁၁ ရက်နေ့နှင့် လယ်မရွာကို စက်တင်ဘာလ ၁၃ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး လာပို့ရွာနှင့် မဲရွာမှ ပြည်သူ ၁၁ ဦးကို လူ သားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
” လာပို့ရွာကို မီးဝင်ရှို့တဲ့ စစ်တပ်က မဲရွာမှာရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေ နဲ့ ရွာသား ၃၅ ဦးကို အရင်ဖမ်းတယ်။ ဖမ်းခံရတဲ့ သူတွေထဲက အမျိုးသမီးတွေနဲ့ ကလေးတွေတော့ ပြန်လွတ်လာပြီး အမျိုးသား ၁၁ ဦးကိုတော့ လူသားဒိုင်းအဖြစ်နဲ့ စစ်တပ်က ဖမ်းသွားတယ် ပြန်မလွှတ်သေးဘူး။ အခုက စစ်တပ်က မြစ်ကြောင်းရှိတဲ့ဘက်ကို ပြန်ဆုတ်သွားတယ်။ သင်္ဘောနဲ့ ပြန်မလား၊ ဘယ်ရွာကို ထပ်ဝင်မလဲဆိုတာတော့ မသိသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြော ဆိုသည်။
အလားတူ လက်ပန်ရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က စက်တင်ဘာလ ၇ ရက်နေ့ တွင် ဖမ်းဆီးခဲ့ပြီး လက်များ ရိုက်ချိုးခဲ့ပြီး ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် လာပို့၊ မြင်းဇာ၊ ရွာစည်နှင့် လယ် မရွာမှ ပြည်သူပိုင် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံပြည်သူများ လက်ရှိချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်တပ်က ဂန့်ဂေါမြို့တွင် ကျေးရွာများကို မီးရှို့ရာတွင် ဩဂုတ်လ ၂၇ ရက်နေ့တွင် ထယ်လှော်ကျေးရွာမှ နေအိမ် ၁၄ လုံး၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် မောက်ကျေးရွာမှ နေအိမ် ၃၂ လုံး ၊ မောက်လင်းကျေးရွာမှ နေအိမ် ၂၄ လုံးနှင့် စပါးကျီတွဲလျက်ပါ နေအိမ် ၂၆ လုံး ၊ ကျော်ရွာမှ နေအိမ် ၈ လုံး၊ စက်တင်ဘာလ ၆ ရက် နေ့တွင် ရွှေတောင်ရွာမှ နေအိမ် ၇ လုံး၊ စက်တင်ဘာလ ၇ ရက်နေ့တွင် လက်ပန်ရွာမှ နေအိမ်တချို့ ဖျက်ဆီးရပြီး နေအိမ် ၄၀ လုံး ချိတ်ပိတ်ခြင်း၊ စက် တင်ဘာလ ၁၀ ရက်နေ့တွင် မြင်ဇာကျေးရွာမှ နေအိမ် ၁၉ လုံး၊ အင်ဂျင် ၁ လုံး၊ နွားတိုက် ၂ လုံးအပါ နေအိမ်ရှိ စပါးကျီများ၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် လာပို့ရွာမှ နေအိမ် ၁၅ လုံး ၊ ရွာစည်ရွာဟောင်းမှ နေအိမ် ၂ လုံး စုစုပေါင်း ၁၈၇ လုံးကို မီးရှို့ ချိတ်ပိတ် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် စိုင်ဒူးရွာ ဝင်ချိန် ရိက္ခာများအဖြစ် နှမ်းအိပ်များ၊ ဆန်အိတ်များ၊ ဆီများ ကားကြီးများဖြင့် စစ်တပ် ခိုးယူသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စက်တင်ဘာလ ၁၁ ရက်နေ့တွင် လာပို့ရွာမှ နေအိမ် ၁၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။