By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ မြင်းဇာ၊ လာပို့၊ ရွာစည်ရွာ နဲ့ လယ်မရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ကို အကြမ်းဖက် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက် ဆက်လှည့်လည် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရေယာဥ် အုပ်စုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း ဒုတိယအကြိမ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Wings of the irrawaddy အဖွဲ့ဆီကနေ သိရပါတယ်။ – အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း တွေ အနေနဲ့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လျှောက်ထား ကိုင်ဆောင် ထားမှုတွေ ကို ပြင်းထန်စွာ အရေးယူသွားဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ အရပ်ဘက်ဝန်ကြီး ဌာနတွေဆီကို တရားဝင် ညွှန်ကြားလာတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။