30 C
Yangon

ယင်းမာပင်တွင် တပ်ကြပ်ကြီး တစ်ဦး သေနတ် ၁ လက်ဖြင့် CDM ပြုလုပ်၊ PDF တပ်ဖွဲ့မှ သိန်း ၈၀ ချီးမြှင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး မင်းသူသည် ယင်းမာပင်မြို့နယ် တပ်ရင်း (၃) အမိမြေစစ်ကြောင်းထံ သေနတ် ၁ လက်ဖြင့် CDM လာရောက် ပြုလုပ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့မှ ငွေကျပ် သိန်း ၈၀ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း အမိမြေ- တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရသည်။

တပ်ကြပ်ကြီး မင်းသူသည် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက် မပြုလုပ်လို သောကြောင့် လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာကြောင်း၊ ယင်းမာပင်မြို့နယ် တပ်ရင်း (၃) အမိမြေစစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုခဲ့ကြောင်း၊ ဆုကြေးငွေအဖြစ် ကျပ် သိန်း (၈၀) ချီးမြင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article