25 C
Yangon

အရာတော်၊ ငွေတွင်းရွာတွင် တပ်စွဲထားသော စစ်တပ် တပ်စခန်း စီးနင်း တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး၊ မင်းကင်းတိုက်ပွဲတွင်လည်း စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းရွာတွင် ကတုတ်ကျင်းများ၊ဘန်ကာများဖြင့် အခိုင်အမာ တပ်စွဲထားသော စစ်တပ် စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စခန်းကို အမှတ်(၁) စစ်ဒေသ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှုး၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း(၇) မြင်းခြံခရိုင် တပ်ရင်း(၆) မုံရွာခရိုင် နှင့် နယ်မြေခံ တော်လှန်ရေး အဖွဲ့(လမ်းညွှန်) များမှ ၁ နာရီကျော်ကြာ စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိကာ ငွေတွင်းရွာရှိ စစ်တပ် တပ်စွဲထားသော စခန်းအတွင်း၌ ဆေးကုသလျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကူလဲရွာနှင့် ထုံးမန်ရွာ အကြားတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း (GTF) ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း(GTF) ၊ GTF တပ်ခွဲ (၁) Infinite Revolution Force-I.R.F၊ GTF တပ်ခွဲ (၄) စစ်ကျွန်မခံမြွေဆိုးတသိုက်၊ တိမ်လွှာဒေါင်းမင်း ပကဖအဖွဲ့၊ ကူလဲ ပကဖနှင့် မင်းကင်းတပ်ရင်း (၂) တပ်ခွဲ(၂)တို့က ပူးပေါင်းဘတိုက်ခိုက်ခဲ့ပြီး GTF Sniper သမားများ ပစ်ခတ်မှုကြောင့် စစ်သား ၂ ဦးသေဆုံး​ခဲ့ကြောင်း သိရသည်။

Photo – ZERO ပြောက်ကျားတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article