28 C
Yangon

ဆားလင်းကြီး ငွေသာကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၃၀ ခန့် ပြာကျသွား၊ ခင်ဦးတွင် ပြည်သူ ၂ ဦး စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး ဘုတလင်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ မီးရှို့ဖျက်ဆီးသွားသဖြင့် အိမ်ခြေ ၃၀ ခန့် ပြာကျပျက်စီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆားလင်းကြီးမြို့ နယ်၊ ငွေသာကျေးရွာကို စစ်ကောင်စီတပ်များက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ ငွေကြေးချမ်းသာများ၏ နေအိမ်များ၊ NLD ပါတီ ထောက်ခံသူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ငွေသာရွာသစ်နဲ့ ငွေသာရွာဟောင်းက နှစ်ရွာပေါင်းရင် အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ရွာကြီး။ အဲဒါ စစ်တပ်က ရွာနားမှာ PDF စခန်းတွေ့လို့ဆိုပြီး အနီးစပ်ဆုံးရွာကို မီးဝင်ရှို့တာ။ တိုက်ပွဲလည်းမဖြစ်ဘူး။ ရွာထဲက ဝက်တွေ သတ်စားသွားတယ်။ အသေအပျောက် အဖမ်းအဆီးခံရတာမရှိပါဘူး။ ရွာသူရွာသားတွေလည်း ထွက်ပြေးရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ကြာပန်းအ၀ိုင်းမှ စစ်ကောင်စီတပ်များသည် ခင်ဦးမြို့ နယ် အနောက်ခြမ်းကျေးရွာများသို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရေဦးမြို့နယ်၊ မူးသာကုန်း ကျေးရွာအရှေ့ဘက် မူးကျွန်းထဲတွင် ၂ လုံးကျရောက်ခဲ့ကြောင်း၊ ခင်ဦးမြို့နယ် ၊ရွာသစ်ကျေးရွာ ထဲသို့ တစ်လုံး ကျရောက်ကာ ကျေးရွာနေ ပြည်သူ မဝါဝါမိုး၊ အသက် ၃၀ နှစ်ဝန်းကျင် ပုခုံးပေါက်ပြဲ နှင့် ခြေသလုံးပေါက်ပြဲ ဒါဏ်ရာ ရရှိ ကြောင်း၊ ခင်ဦးမြို့နယ် ၊မူးသာကျေးရွာတွင် လက်နက်ကြီး ၂ လုံးကျရောက်ပြီး မခင်နွယ်သင်း အသက် ၄၅ နှစ် လက် နက်ကြီးစ ထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့အထိုင်စခန်းမှ အကြမ်းဖက်စစ်အင်အား ၈၀ ခန့်သည် အရှေ့ဘက်သို့ ထွက်လာပြီး ဘုတလင်မြို့နယ် အရှေ့ဘက်တစ် ကြောဝင်မွှေနေခဲ့ကြောင်း၊ ကရိန်းကန်၊ ဘုရားတောင်၊ ကျောက်မဲတောင်ဘက်ကိုလည်း အဖွဲ့ခွဲ မွှေခဲ့ပြီး ကိုင်းမ၊ရှားချောင်း အောင်သာရွာတို့ကို မီးရှို့သည့်အပြင် သက်ရှည်ကန်ရွာမှ ပြည်သူတစ်ဦးကိုလည်း စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article