27 C
Yangon

ခင်ဦး၊ ရေစကြို၊ ထားဝယ်နှင့် တမူးတို့တွင် တိုက်ပွဲများဖြစ်ပြီး ၁၆ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦး၊ တမူး၊ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၁၆ ဦးသေဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ခင်ဦးတွင် စစ်သား ၁၅ ဦးသေဆုံး

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်‌၄နာရီခန့်တွင် ရေဦးမြို့မှလာသော သံချပ်ကာ ကား၃စီးကို ခင်ဦးမြို့အနောက်ဘက် တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး ‌စစ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်း၊ သံချပ်ကာ ကား ၁ စီးမှာ ထိခိုက်ပျက်စီးသွားကြောင်း၊ ခင်ဦးမြို့သို့ နောက်သံချပ်ကာ ကားဖြင့်ဆွဲသွားကြောင်း၊ ယနေ့ ညနေပိုင်းတွင် ခင်ဦးဘက်မှ‌ ရွှေဘိုဘက်သို့ ထောက် ပို့ကား၃စီးကို အပြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေ ဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာရှရိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ရေစကြိုတွင် စစ်သား ၁ ဦး သေဆုံး

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂နာရီ ၄၅ မိနစ်အချိန် ရေစကြိုမြို့နယ်၊ အရှေ့ဘုန်းကန်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာနေရာကို Urban Underground Revolution Force(UURF-YSO) အဖွဲ့ဦးဆောင်၍ မဟာမိတ် Yesagyo Revolution Group(YRG)၊ King Cobra၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့၊ Royal Defense Force(PKU)၊ Shwe Nyar Myae PDF၊sounthern YSO PDF၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) Royal Pakokku UG မဟာမိတ်ပူးပေါင်းအဖွဲ့တို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအချိန် ၁ နာရီ ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း၊ ၅ ဦး ဒဏ်ရာရရှိကြောင်း မဟာမိတ်တပ်ပေါင်းစုများက စုပေါင်း၍ သတင်းထုတ်ပြန်သည်။

ထားဝယ်တွင် စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ၅ မိုင်အကွာ မောင်မရှောင်ကျေးရွာနှင့် ‌ဇဟာကျေးရွာကြား ရေး-ထားဝယ် ကားလမ်းကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်းအားပြည့် စီးနင်းလိုက်ပါလာသော Town Ace ကား ၂ စီးကို ပြည်သူ့ကာ ကွယ်ရေးပူပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား ၂ စီးအနက်မှ ပထမကားတစ်စီးလုံးနီးပါး ထိမှန်ခဲ့ကာ ၎င်းနေရာတွင် ရှေ့ဆက်မရဘဲ ထိုးရပ်သွားကြောင်း၊ ၎င်း ကား၌လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၁၅ ဦးခန့် အပြင်းထန်ဒဏ်ရာရှိကာ သေဆုံးမှုများကိုမူ အတည်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို ထား၀ယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဖြစ်သည့် Dawei Guerrilla Revolutionary Force- DGRF ထားဝယ် (ပ.က.ဖ)နှင့် မဟာမိတ်တပ်များက ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တမူးတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ တမူးမြို့ ၏ မြို့ပြင်တစ်နေရာတွင် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်မှ စတင်၍ ပြည်သူ့ ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက် အထိ အခိုက် အကျအဆုံးများပြားကြောင်း တမူးဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article