34 C
Yangon

Must read

အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးတင်းမာနေသော SSPP တပ်ဖွဲ့ကို မိုင်းနောင်မြို့နယ်တွင် RCSS က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂၁

အကြမ်းဖက်စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကြား စစ်ရေးတင်းမာနေသော ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်တွင် SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကြား စက်တင်ဘာလ ၂၁ ရက် ယ‌နေ့နံနက် ၇ နာရီခွဲခန့်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း SSPP က သတင်းထုတ်ပြန်သည်။

မိုင်းနောင်မြို့နယ်၊ မိုင်းရဲအုပ်စု၊ နမ့်တောင်းတံတားအနီးရှိ SSPP တပ်ဖွဲ့ကို RCSS ဘက်က လာရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နှစ်ဖက်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

‘လဲချား – မိုင်းနောင် ကားလမ်းရဲ့အရှေ့ဘက်မှာ လှုပ်ရှားနေတဲ့ RCSS တပ်ဖွဲ့တို့သည် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့လုပ်ရှားနေတဲ့ ကားလမ်း ရဲ့ အနောက်ဘက်ထဲထိကို အင်အား ၂၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်လာပြီး RCSS ဘက်ကစတင်ပစ်ခတ်လို့ နံနက် ၇ နာရီ ၃၀ မိနစ် ကနေ ၊ ၇ နာရီ ၄၈ မိ နစ်အထိ မိုင်းနောင်မြို့နယ် မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရပါသည်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ RCSS တပ်ဖွဲ့တို့ဘက်က မိုင်းနောင်-လဲချား ကားလမ်းရဲ့ အရှေ့ဘက်ထဲကို ပြန်ဆုတ် သွားလို့ တိုက်ပွဲပြန်ငြိမ်သွားတာဖြစ်ပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမူတော့မရှိပါ။” ဟု SSPP info က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် SSPP လှုပ်ရှားနေသော နေရများတွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးတင်းမာနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ဝမ်ဟိုင်းဌာနချုပ်နှင့် မိုင် ၂၀ ဝန်းကျင်အကွာ မိုင်းရှူးမြို့နယ်ရှိ SSPP ၏ လုံခြုံရေးတပ်စခန်းသုံးခုကို ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး စွန့်ခွာရန် စစ်ကောင်စီက ပြောဆိုထားသော်လည်း SSPP ဘက်က လက်မခံကြောင်းနှင့် စစ်ရေးအသင့်ပြင်ထားကြောင်း ပြောဆိုထားသည်။

ရှမ်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေချိန်တွင် ယခုနှစ်ဦးပိုင်းတွင်လည်း ရှမ်းနှစ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဧပြီလဆန်းပိုင်းတွင် RCSS မှ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးအပါအဝင် တပ်သား ၃၀၀ ကျော် SSPP ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – SSPP/SSA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article