Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က ထည့်သွင်းပြောဆိုခဲ့ပြီး အမေရိကန်သမ္မတဘို င်ဒင်ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ဆိုးရွားတဲ့ချိုးဖောက်မှုတွေအကြောင်း ပြောကြားခဲ့ပါတယ်။ – ကရင်နီပြည်နယ်၊ ဒီးမော့ဆိုက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀၂ လက်နက်တိုက်ဟာ မနေ့က နေ့လယ်လောက်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲတယ်လို့ သိရပါတယ်။ – ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် ကတုံးပေါ် နယ်မြေရဲစခန်းကို မနေ့က ၄၀ မမ ဗုံးသီးလက်နက်နဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF သတင်းရင်းမြစ်တွေဆီက သိရပါတယ်။