33 C
Yangon

လှိုင်မြို့နယ် ရဲစခန်းအနီးတွင် ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ၁ နာရီနီးပါး လမ်း ပိတ်ဆို့စစ်ဆေး၊ ရွှေပြည်သာ ၂၀ ရပ်ကွက်ရုံးဗုံးပေါက်ကွဲ၊ မင်္ဂလာတောင်ညွှန့် ၉၁ လမ်း ရပ်ကွက်ရုံးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း၊ လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ယနေ့ည ၇နာရီ ဝန်းကျင် အချိန် သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ရန်ကုန်-အင်းစိန်လမ်းကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရန်ကုန်-အင်းစိန်လမ်း လှိုင်မြို့နယ် ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ ဘော် လီ ဘောရုံ နေရာအနီးတစ်ဝိုက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ပစ်ခတ်သံများကြားရတယ်။ ပြီးတော့ လမ်းတွေ ပိတ်သွားတယ်။ ကားတွေအကုန် စစ်တပ်နဲ့ရဲက ပြန်လှည့်ခိုင်းတယ်။ ဖြစ်တာက ည ၆ နာရီ ၄၅ မိနစ်လောက်မှာ သေနတ်သံ ထွက်တာ။ အဲဒါပြီးတော့ ၁ နာရီလောက်ကြာတယ် လမ်းပိတ်ထားတာ။ ည ၇ နာရီ ၅၀ လောက်မှ လမ်းပြန်ဖွင့်ပေးတယ်။ လူတွေကလည်း ဘာဖြစ်မှန်းမသိတော့ အကုန်လုံး လမ်းတွေပါ ဆင်းလျှောက်ရတာ” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်၊ ၂၀ ရပ်ကွက်ရုံးတွင် ယနေ့ ည ၈ နာရီအချိန် ဗုံးပေါက် ကွဲမှုဖြစ်ပွားကြောင်း၊ လက်ရှိတွင် အခြေအနေ အသေးစိတ်မသိရသေးဘဲ စစ်တပ်နှင့်ရဲများ လာရောက်ရန်ရှိသည်ဟု သိရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွှေပြည်သာ ၂၀ ရပ်ကွက်ရုံးမှာ ပေါက်ကွဲသံ အရမ်းကျယ်ပါတယ်။ နောက် ဆက်တွဲတော့ ဘာဖြစ်လဲသေချာမသိဘူး။ ည ၈ နာရီအတိမှာ‌ပေါက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် လှိုင်သာမြို့နယ်တစ်နေရာတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း မရမ်းကုန်းမြို့နယ်တွင် နံနက် ၉ နာရီ ၀၈ မိနစ်အချိန်၊ ဗဟန်းမြို့နယ်တွင် ညနေ ၄ နာရီ ၅၁ မိနစ်အချိန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၁ လမ်းရပ်ကွက်ရုံးတို့တွင် ည ၇ နာရီ ၄၅ မိနစ်အချိန် ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“မနေ့ ည၇နာရီ၄၅မိနစ်ကျော်လောက်မှာ မင်္ဂလာတောင်ညွှန့် ကံတော်လေး ၉၁ လမ်း ဘက်ဗုံးပေါက်ကွဲခဲ့တယ်။ ရပ်ကွက်ရုံးပေါက်တာ။ အဲဒါ မနေ့ည ၈နာရီ ၃၀လောက်စစ်ကား၂စီးနဲ့ ၉၁လမ်း ဓမ္မာရုံရှေ့မှာပိတ်ရပ်ပီးစစ်တာမျိုးရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ည ၆ နာရီ ၄၅ မိနစ်မှ ည ၇ နာရီ ၅၀ အထိ ရန်ကုန်-အင်းစိန်လမ်း၊ သံလမ်း၊ ဘာတာ၊ အုတ်ကျင်းဘက်တွင် လမ်းများပိတ်ဆို့ စစ်ဆေးခံနေရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article