28 C
Yangon

စစ်ကောင်စီက ဘန်ကောက်လေဆိပ်အထိ လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့သော မော်ဒယ် အလှမယ် ဟန်လေး ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်အထိ လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့သော မော်ဒယ် အလှမယ် ဟန်လေး ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိသွားပြီ ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က သတင်းရေးသားဖော်ပြထားသည်။

စစ်ကောင်စီက မော်ဒယ်အလှမယ် ဟန်လေး၏ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းလိုက်သဖြင့် ထိုင်းနိုင်ငံဝင်ခွင့်မရတော့ဘဲ စက်တင်ဘာလ ၂၁ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံခဲ့ရကြောင်း၊ ယင်းနောက် မော်ဒယ်အလှမယ် ဟန်လေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ၏ ကာကွယ်မှု အောက်အ ပြည့်အ၀ ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကနေဒါနိုင်ငံသို့ ထွက်ခွာခွင့်ရရှိခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဲများက ဟန်လေးကို ဘန်ကောက်လေဆိပ်အထိ လိုက်လံ၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း UNHCR က အပြည့်အ၀ ကာကွယ်ထား၍ ၎င်းတို့၏ လုပ်ရပ် မအောင်မြင်ခဲ့ပေ။

အကြမ်းဖက်စစ်ကောင်စီက မော်ဒယ်အလှမယ်ဟန်လေးကို နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၁၂၄ ဖြင့် အမှုဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article