28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ တွန်းအားပေးခဲ့ပြီး ၊ စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ကြံ့ဖွတ် ပါတီရဲ့ မဟာမိတ် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာ နဲ့သူ့ရဲ့သမီးနုဝေကျော် လုပ်ကိုင် နေတဲ့ ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းကို သပိတ်မှောက်ကြဖို့အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဇင်သော်နိုင် နဲ့ CDM ကျောင်းဆရာမ/တချို့က တောင်းဆိုလိုက်ကြပါတယ်။ -မကွေးတိုင်း ၊ ပေါက်မြို့နယ် ၊ သရက်ကန်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ စက်တင် ဘာလ ၂၇ ရက်နေ့မှာ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေတဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးနေရ တယ်လို့ We Love Myaing အဖွဲ့ဆီကနေ သိရပါတယ်။ -ကယားပြည်နယ် ၊ ဒီမော့ဆို့မြို့ ၊ ကုန်းသာ ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၊ အဲ့ဒီ့မှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးသွားတယ်လို့ KRU တပ်ပေါင်းစုရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် ကိုပြောပါတယ်။ – မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ရွာ အနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ် ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ ၂၆ ရက်နေ့ ယမန်နေ့ မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက် ခံရ ပြီးတော့ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးသွားတဲ့အပြင် ၊ ၁၇ ဦး ဒဏ်ရာရသွား တဲ့သတင်း အပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article