23 C
Yangon

စစ်ကောင်စီ၏ခမရ (၅၆၀) တပ်စစ်ကြောင်း ဘုတ်ပြင်းမှာ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ၂ ဦးအပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စောင့်ကြို တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ခမရ (၅၆၀) တပ်ရင်းက စစ်ကောင်စီတပ်သားတွေ သေဆုံးတာနဲ့ ဒဏ်ရာအပြင်းအထန်ရသူတွေ ရှိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ဘုတ်ပြင်းမြို့နယ်အတွင်းကထောင်ငါးသိုင်းကျေးရွာအုပ်စု ချောင်းကဖက်ကျေးရွာအတွင်းကို စက်တင်ဘာ ၂၅ရက်နေ့က ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကို မွန်းလွှဲ ၃ နာရီ ခွဲဝန်းကျင်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်မမှုးရဲ့ ဘုတ်ပြင်းမြို့နယ်ခရီးစဥ်မှာ ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာနေတဲ့စစ်ကောင်စီတပ်သားတွေကို ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article