25 C
Yangon

မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံ၊ စစ်အင်ဂျင်နီယာတပ်ရှေ့တွင် ယခုည ဗုံးများ ဆက်တိုက်ပေါက်ကွဲနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ယနေ့ညပိုင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီအချိန်တွင် မြောက်ဥက္ကလာတွင် အလွန်ကျယ်လောင်သော ဗုံးပေါက်ကွဲသံကြား ရကြောင်း၊ ယင်းနောက် ယနေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်တွင် ထပ်မံ၍ ဗုံးပေါက်ကွဲကြောင်း ၊ စုစုပေါင်း ၂ ကြိမ် ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပ ဒေသခံတစ်ဦးက ပြောသည်။

“မြောက်ဥက္ကလာမှာပထမပေါက်တာက အသံအရမ်းကျတယ်။ ဆေး ၂ (သို့မ ဟုတ်) ထွေအုပ်ရုံးနားထင်တယ်။ ည ၉ နာရီမှာပေါက်တယ်။ နောက်တစ်လုံးက ည ၉ နာရီ ၁၀ မိနစ်ဝန်းကျင်လောက်မှာပေါက်တယ်။ ဒုတိယဗုံးက ပိုပြီး အသံ ကျယ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ညပိုင်း ဗုံး ၂ လုံးဆင့်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

” ပထမ ဗုံးပေါက်တာက မင်္ဂလာဒုံစျေးနား၊ ခရေပင်လမ်းခွဲနားလောက်ဖြစ်မယ်ထင်တယ်။ ပထမ ဗုံးက အသံတိုးတယ်။ ဒုတိယအလုံးက အသံအရမ်းကျယ်တယ်။ ပေါက်ကွဲသံက ၉ နာရီ ၁၃ မိနစ်မှာ ကြားရတာ။ မင်္ဂလာဒုံမြို့နယ်
လေ ယာဥ်ကွင်းနား ရပ်ကွက်ကနေထင်တယ်။ ပေါက်ကွဲသံက။ ဗုံးကွဲတာထက်ပိုတယ်” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။

မင်္ဂလာဒုံ ဒေသခံတချို့ကမူ ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက်ကွဲမှုသည် ခရေပင်လမ်းခွဲအဆင်း စစ်အင်ဂျင်နီယာတပ် ၉၈၁ ရှေ့တွင် ဗုံးကွဲခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ တဖွဲဖွဲရောက်လာနေကြောင်း ပြောဆိုသည်။

“ခရေပင်လမ်းခွဲ ဂုံးထိပ်တင် ဒီည ၉နာရီ ၂၀ လောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်တယ်။ မီးခိုး ဖြူများမြင်ရတယ်။ လက်နက်ကြီးလို ဒုံးလို ဟာမျိုးနဲ့များ အပစ်ခံရတာလားမသိဘူး” ဟု ခရေပင်လမ်းခွဲ အနီးနေထိုင်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ညပိုင်းရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article