29 C
Yangon

စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ကိုယ့်လူကိုယ်ပြန်ပစ်သဖြင့် စစ်သုံ့ ပန်း ရဲ နှင့်စစ်သားများ ထိခိုက်သေဆုံး ၊ AAက ဖမ်းဆီးရမိသူများနှင့် ခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ကြောင့် ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ်မှ AA တပ်စခန်း အကျဉ်းထောင် ၂ ခုကို ထိမှန်ကာ စစ်သုံ့ပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိဟု စက်တင်ဘာ ၂၈ ရက်နေ့ AA က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၃ ရက်၊ ည ၁၁ နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက် လေယာဉ် ၃ စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချိုနှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ကို ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲတချိုကြောင့် တချို့မှာ အသက်သေဆုံးသွားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဗုံးထိမှန်၍ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေပြီး ၎င်းတို့အသက်ရှင်ရေးအတွက် အမြန်ဆုံးလာယူရန် စစ်ကောင်စီထံသို့ အသိပေး အကြောင်းကြားထားသော်လည်း ၅ ရက်ကြာသည်အထိ တစ်စုံတရာဆက်သွယ်လာခြင်းမရှိသေး၍ ယင်းအထဲမှ ထပ်မံ ၁ ဦးသေဆုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် AA မှ ဆေးကုသပေးလျက်ရှိကြောင်း အသက်ရှင်သန်ရေးအတွက် အမြန်ဆုံး ဆက်သွယ်ဖို့ကို တိုက်တွန်းထားသည်၊

စစ်ကောင်စီတပ်၏ တပ်ဖွဲဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် ရက္ခိုင့်တပ်တော် AA သို့ ခိုလှုံလာသူများနှင့် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်အထိ ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article