ရန်ကုန်၊ အောက်တိုဘာ ၁
ကချင်ပြည်နယ်မှာ ကပ်ဖားယက်ဖားပွဲတွေနဲ့ ကချင့်တော်လှန်ရေးကို ပုံမဖျက်ရေး ယနေ့ညမှာ ဆန့်ကျင်လှုပ်ရှားကြသည်။
အောက်တိုဘာလ ၁ရက်နေ့တွင် Pan Pan ကချင်ရိုးရာအထည်ဆိုင်က ဦးဆောင်ပြီး ဒီဇိုင်နာ Seng Latt Maka နှင့် Joe TU Tu သာမက ကချင်အနုပညာရှင်အသိုင်းအဝိုင်းတချို့က မင်းအောင်လှိုင်ဒဏ်ကြောင့် ကချင်ပြည်သူများ ခေါင်းပြားအောင် ခံစားနေရချိန် မနောင်ကွင်းတွင် တိုင်းပြည်ငြိမ်းချမ်းနေသယောင် ကချင်ရိုးရာအမည်ခံ ဖက်ရှင်Showပွဲဖြင့် ကချင့်တော်လှန်ရေးကို ပုံဖျက်နေသောကြောင့် KSCM သပိတ်ကော်မတီက ယနေ့ည ပွဲကျင်းပချိန် မနောင်ကွင်း ကချင်ပြည်အဝိုင်းတွင် “ကပ်ဖားရပ်ဖားပွဲတွေနဲ့ ကချင့်တော်လှန်ရေးကို ပုံမဖျက်နဲ့” ဆိုပြီး သတိပေး စာသား ချိတ်ဆွဲသည်။