24 C
Yangon

ချောင်းဦးမှ စစ်ရှောင် ပြည်သူများ မုံရွာ-အမြင့်လမ်းပိုင်းကို အသုံးမပြုနိုင်ရန် စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ကို ဆက်သွယ်ထားသော မုံရွာ-အမြင့်-ချောင်းဦးလမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၄ ရက် ယနေ့ မွန်းလွဲပိုင်း၌ ဘူဒိုဇာများဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက် တောင်ဘက်အထွက် မုံရွာ-အမြင့်လမ်း ကျောက်ပေါက်ကွေ့ ကုက္ကိုလ်ပင်ရှေ့ ရှိ လမ်းပိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကားကြီး ၁ စီး၊ အိမ်စီးကား ၁ စီး၊ အင်အား ၃၀ ခန့်နှင့် လာရောက်ရှိကာ ဘူဒိုဇာများဖြင့် လာရောက် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲလမ်းပိုင်းက PDF တွေလည်း သုံးတာ မဟုတ်ဘူး။ ပြည်သူတွေပဲ အသုံးပြုတာ။ ဖြစ်နိုင်တာက ချောင်းဦးဘက်က စစ်ရှောင် ပြည်သူတွေ မုံရွာဘက်ကို မဝင်လာနိုင်အောင်နဲ့ စစ်ရှောင်တွေကို သွားရောက် ကူညီနေတဲ့သူတွေ အသုံးမပြုနိုင်အောင် လုပ်တာဖြစ်ဖို့ များတယ်။ အခု အဲလမ်းက ကား လုံးဝ သွားလို့မရတော့ဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ဆင်းတွန်းမှ သွားလို့ရတော့တယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်း လမ်းပိုင်းသည် မုံရွာ-အမြင့်လမ်း မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်အတွက် အဓိက အရေးပါသော လမ်းပိုင်းဖြစ်ပြီး ယခုကဲ့သို့ ဖျက်ဆီး ခံခဲ့ရခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ်ရေး၊ လမ်းသွားလာရေး ခက်ခဲသွားပြီ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article