23 C
Yangon

ကရင်၊ စစ်ကိုင်း၊ ကရင်နီဒေသများသို့ သိန်း ၁၀၀၀ စီ ပံ့ပိုးမည့် iPhone 14 ၊ ရွှေလက်ဆောင်နှင့် ပန်းချီကားများ ဆုမဲများပါဝင်သော သီတင်းကျွတ်- တန် ဆောင်တိုင် လက်ဆောင်မြိုင်မြိုင် ကမ်ပိန်းပြုလုပ်မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်များသို့ ငွေကျပ် သိန်း ၁၀၀၀ စီ စီးဆင်းမည့် သီတင်း ကျွတ်-တန်ဆောင်တိုင် လက်ဆောင်မြိုင်မြိုင် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အမေရိက၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့သို့ ရောက်ရှိနေသည့် ပြည်သူများ အားလုံးပါဝင်နိုင်မည်ဖြစ်ပြီး ကံစမ်းမဲလက်မှတ် ဆုမဲများမှာ iPhone 14၊ ငါးမူးသား ရွှေလက်ဆောင်များနှင့် ပန်းချီကားများ ပါဝင်ကြောင်း ကမ်ပိန်းစီစဉ်သူများထံမှ သိရှိရသည်။

ကမ်းပိန်း Target ကို ကျပ်သိန်း ၃၀၀၀ သတ်မှတ်ထားပြီး ကရင်၊ စစ်ကိုင်းနှင့် ကရင်နီပြည်နယ်များသို့ ကျပ်သိန်း ၁၀၀၀ ကျပ်စီ စီးဆင်းမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် လက်မှတ်ဖြတ်ပိုင်းများအနေနှင့် ရောင်းချသွားမည်ဖြစ်ပြီး ကျန်နိုင်ငံများမှာ Digital Ticket အနေနှင့် ရောင်းချမည်ဖြစ်သည်။

ကံစမ်းမဲ လက်မှတ်များ ဝယ်ယူလိုပါက မြန်မာနိုင်ငံပြည်တွင်းတွင်ဝယ်ယူရန် – UVS FUNDRAISING TEAM (https://www.facebook.com/uvsfundraisingteam )နှင့် သီတင်းကျွတ် တန်ဆောင်တိုင် လက်ဆောင်မြိုင်မြိုင် (https://www.facebook.com/ktjgamecom/) ၊ ကိုရီးယားနိုင်ငံအတွင်းဝယ်ယူရန် – We Love Mother Land-Korea (https://m.facebook.com/wlmlk1/ ) , Myingyan GZ Group (https://www.facebook.com/profile.php?id=100076628962324 ) , Rise Again Myanmar
https://m.facebook.com/riseagainmyanmar/) , အသုက သုခအဖွဲ့ (https://www.facebook.com/profile.php?id=100078303035321 ) , KTJ SUPPORTING GROUP (https://www.facebook.com/www.ktjgroup.org/ ) ၊ ထိုင်ဝမ်နိုင်ငံတွင်းဝယ်ယူရန် – Taiwan Alliance For Myanmar (https://www.facebook.com/TaiwanAllianceforMyanmar ) ၊ စင်င်္ကာပူနိုင်ငံအတွင်း ဝယ်ယူနိုင်ရန် – Spring Helpers Singapore ( https://www.facebook.com/Spring-Helpers-104745258727140/ )၊
USA နှင့် Australia နိုင်ငံများအတွင်းဝယ်ယူရန် – Ko Htoo (https://www.facebook.com/toototoo)
တို့တွင် လက်မှတ်များ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

ကံစမ်းမဲစျေးနှုန်းများမှာ နိုင်ငံအသီးသီးငွေစျေးများနှင့် ကိုက်ညှိ၍ သတ်မှတ်ထားပြီး မြန်မာငွေ ၁၀၀၀၀ ကျပ်၊ ထိုင်း ၂၀၀ ဘတ်၊ စင်ကာပူဒေါ်လာ ၁၀ ၊ အမေရိကန်ဒေါ်လာ ၁၀ ၊ ဂျပန်ယန်း ၁၅၀၀၊ ထိုင်ဝမ်သုံးငွေ ၂၀၀၊ တောင်ကိုရီးယားဝမ် ၁၅၀၀၀ ၊ ဩစတြေးလျဒေါ်လာ ၁၅၀၀ နှင့် မလေးရှား ရင်ဂစ် ၃၅ သတ်မှတ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article