23 C
Yangon

ရေစကြို၊ ထားဝယ်၊ မြိုင်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ရေစကြို၊ ထားဝယ်၊ မြိုင်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ သ တင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ရေစကြိုမြို့နယ်၊ မင်းရွာတွင် စစ်သား ၉ ဦးသေဆုံး

အောက်တိုဘာလ ၅ ရက်နေ့ မကွေးတိုင်း၊ ရေလည်ကျွန်း၊ မင်းရွာတွင် အထိုင်ချထားသော စစ်တပ်နှင့်ပျူစောထီးများ အတွက် ရိက္ခာ လာပို့သော မော်တော်များအား MG 6 ပြောက်ကျားတပ်(မြင်းခြံ)၊ အမေ့လက်ရုံး ပြောက် ကျားတပ် တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး စစ်သား ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ထားဝယ်သပိတ်မျှောပွဲကျင်းပရန် စီစဉ်နေသည့် နေရာတွင် မိုင်းပေါက်ကွဲ

စစ်ကောင်စီဘက်က သီတင်းကျွတ် သပိတ်မျှောပွဲကျင်းပရန် အသည်းအသန်ကြိုးစားနေသည့် ထားဝယ်မြို့ ရိုးရာသပိတ်မျှောပြုလုပ်မည့်နေရာဖျော်ဖြေရေးမဏ္ဍပ်တွင် ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန် မိုင်းဖောက်ခွဲခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei) တာဝန်ခံက ပြောသည်။

“စစ်ကောင်စီက လူထုကိုလူသားဒိုင်းအနေနဲ့ပြုလုပ်မယ့် အလိမ်အညာ ပျော်ပွဲရွှင်ပွဲတွေကို လူထုအနေနဲ့မပါဝင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးနေတဲ့သူတွေကို သတိပေးတဲ့အနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲရဲ့ ဖျော်ဖြေရေးစင်ကို ကြိုတင်ဖောက်ခွဲသတိပေးလိုက်တာပါ” ဟု Guerrilla Dawei တာဝန်ခံက ပြောသည်။

ကိုဗစ်နှင့်စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ရပ်နားခဲ့ရသည့် ထားဝယ်သပိတ်မျှောပွဲကို ယခုနှစ်ပြန်လည်ကျင်းပနိုင်ရန် စစ်ကောင်စီက ကြိုးစားနေပြီး သပိတ်မျှောပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာလ ၈ ရက်) ည နှင့် သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ ၉) ရက် အရုဏ်တက်ချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ပွဲတော်ကျင်းပသည့် နေ့ရက်တွင် ဖောက်ခွဲမည်ဆိုလျှင် အပြစ်မဲ့သာမန်ပြည်သူတွေထိခိုက်မည်စိုးရိမ်၍ ယနေ့ သတိပေးသည့် အနေဖြင့် ကြိုတင်ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု Guerrilla Dawei က ဆိုသည်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု လုံး၀မရှိပေ။

ထားဝယ်-မေတ္တာကားလမ်းမပေါ်တွင် စစ်ယာဥ်တန်း ၁၀ စီးကြားဖြတ်ဗုံးခွဲခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ဝကုန်းရွာအနီး လမ်းပိုင်းတစ်နေရာတွင် ဖက်ဆစ်တပ်ယာဥ်တန်း(၁၀)စီးယနေ့မွန်းလွဲပိုင်းက ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးရှိနိုင်ကြောင်း၊ အောက်တိုဘာ(၆)ရက်၊မွန်းလွဲ ၁ နာရီ ၂၆ မိနစ်ခန့်တွင် မေတ္တာဖက်မှထားဝယ်သို့ ဦးတည်ဆင်းလာခဲ့သော ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ ကြားဖြတ် တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း DEF-PDFအဖွဲ့ထံမှ သိရှိရသည်။

“စစ် ကား(၁)စီးထိမှန်ခဲ့ပြီး ထိခိုက်ကျဆုံးမှုမသိရသေး ပါဘူး။ မင်ရှင်ပြီးတဲ့အချိန် မှာ ကျနော်တို့ရဲဘော်များဘေး ကင်းစွာ ပြန်ဆုတ်လာခဲ့တယ်”ဟု၎င်းအဖွဲ့က ပြောသည်။

မြိုင်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

အောက်တိုဘာလ ၅ ရက်အောက်တိုဘာ ၂၀၂၂ ရက်နေ့ နေ့ခင်း ၁နာရီ ၂၀မိနစ်ခန့် မြိုင်-ပခုက္ကူနယ်စပ် ကန်တော်ရွာနှင့်ကန်မရွာကြားစစ် ဆေးမှု ပြုလုပ်နေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးဒဏ်ရာရရှိကြောင်း မြိုင် ပကဖက သတင်းထုတ်ပြန်သည်။

မြ၀တီတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

အောက်တိုဘာလ ၆ ရက်နေ့် တွင် အကြမ်းဖက်စစ်တပ်ကို ကော်ဘရာ ပူး ပေါင်း စစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ မြွေသုံးကောင် ကုန်းနှင့် ဖလူးစခန်းတွင် အခြေပြုထားသော အကြမ်းဖက် စစ်ကောင်စီမှ ၁၂၀ မမ လက် နက်ကြီး ဖြင့် ပစ်ကူပေး ပစ်ခတ်ကြောင်း၊ အောက်တိုဘာ ၆ ရက်နေ့၊ နံနက် ၉ နာရီ ခန့်မှ ၁၀ နာရီခွဲ ခန့်အထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ခန့်မှ ညအချိန်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ၊ ကျူးကျော်လာသော စစ်ကောင်စီ တပ်များကို ကော်ဘရာ ပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခြင်း၊ ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ခြေမှုန်းရေး စစ်သည်များနှင့် မြေပြင်ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦး (စိုးရိမ်ရ) ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထပ်မံ ထိ ခိုက် သေဆုံးမှုအား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်များက စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၂၈၄ တပ်ရင်းသို့ KNLA တပ်များ၊ နဂါးနီစစ်ကြောင်း တို့ပူးပေါင်းပြီး ၇၉ မမ ဖြင့်သွားရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီ ကင်း တဲသို့ ကျရောက်ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ ၄ ဦးဒဏ်ရာရရှိကြောင်း နဂါး နီစစ်ကြောင်းက သတင်းထုတ် ပြန် သည်။

ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

Photo- ကော်ဘရာစစ်ကြောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article