30 C
Yangon

ဝက်လက်၊ ငါးပန်ချောင်းရွာကို စစ်တပ်က တိုက်လေယာဥ် ၂ စင်းဖြင့် ဗုံးကျဲပြီး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်၊ စစ်အင်အားများ ချထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပန်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် ၂ စီး၊ ရဟတ်ယာဥ် ၄ စီးဖြင့် ပစ်ခတ် ဗုံးကျဲနေ​ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ရဟတ်ယာဥ်နှင့် တိုက်လေယာဥ်များသည် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ငါးပန်ချောင်းရွာကို ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ပြီး ရွာလုံးကျွတ် နီးပါးပိတ်မိနေကြောင်း သိရသည်။

” ဝက်လက်မြို့နယ်ထဲက ငါးပန်ချောင်းရွာကို ဂျက်ဖိုက်တာ၂ စီး၊ ရဟတ်ယာဥ် ၄ စီး ပစ်ခတ်ပြီး စစ်ခွေးတွေ ဝင်ရောက် စီးနင်းနေတယ်။ ရွာထဲမှာ ဆိုင်ကယ် အလွယ်ရှိတဲ့သူတွေ ကားရှိတဲ့သူ တချို့ပဲ ပြေးလို့လွတ်တယ်။ ကျန်တာ အကုန်နီးပါး ရွာထဲမှာ ပိတ်မိနေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မည်သည့်အတွက်ကြောင့် လေကြောင်းသုံး တိုက်ခိုက်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ ထိခိုက်မှု အခြေအနေကိုလည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article