28 C
Yangon

အင်းတကော်နှင့် ပုသိမ်ကြီးတွင် ရဲတပ်ကြပ် နှင့် အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း အင်းတကော်မြို့ အင်းတကော်ရဲစခန်းမှ ရဲတပ်ကြပ် တင့်နိုင်ဦးကို အင်းတကော် PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှ သေဆုံးသွားကြောင်း သိရသည်။

အင်းတကော်ရဲစခန်းမှ ရဲတပ်ကြပ် တင့်နိုင်ဦးသည် အင်းတကော် အပိုင်နယ်မြေ သာယာအေး နယ်ထိန်း တစ်ဦးဖြစ်ပြီး အင်းတကော် PDF တပ်ဖွဲ့က နန်းထိုက်အောင် စစ်ဆေးရေး အဖြစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ဟံသာဝတီ ဂေါက်ကွင်းအနီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲတပ်ကြပ် တင့်နိုင်ဦးသည် ၎င်း အပိုင် နယ်မြေအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ရမည့် အစား အပိုင်နယ်မြေအတွင်းရှိ ဘောလုံး၊ နှစ်လုံး၊ သုံးလုံး ဒိုင်များထံမှ အပတ်စဥ်ကြေး လစဥ်ကြေးကောက်ယူပြီး ချမ်းသာနေသူ ဖြစ်ကြောင်း၊ ၄င်းသည် နယ်မြေအတွင်းမှ လစဥ်ကြေးပေးရမည့် လောင်းကစားဒိုင်များနှင့် အရက်ပုန်းဆိုင်များမှ လစဥ်ကြေး အပတ်စဥ်ကြေးယူရန် လာစဥ်ရောက်စဥ် အင်းတကော် PDF တပ်ဖွဲ့မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မြကံသာကျေးရွာ အုပ်ချုပ်ရေးမှူး တင်မောင်ဝင်း ပစ်ခတ်တိုက်ခိုက်ခံသဖြင့် သေဆုံးသွားကြောင်း MRF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၃ နာရီအချိန် စစ်ကောင်စီခန့် မြကံသာရွာ အုပ်ချုပ်ရေးမှူး တင်မောင်ဝင်းကို Mahar Revolution Force (MRF)က ၎င်းနေအိမ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း MRF အဖွဲ့က ရှင်းပြသည်။

ဓာတ်ပုံ- သေဆုံးသွားသော အင်းတကော်မြို့ အင်းတကော်ရဲစခန်းမှ ရဲတပ်ကြပ် တင့်နိုင်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article