25 C
Yangon

အမေရိက အင်ဒီယားနားပြည်နယ်တွင် မရာ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (MATC) supporters များ ဦးဆောင်၍ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေပွဲ ပြုလုပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်တွင် မရာ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (MATC) supporters များမှ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေမှုကို အောက်တိုဘာလ ၀၉ ရက်နေ့တွင် ကျင်းပခဲ့ကြပြီး အဆိုပါ ပွဲသို့ ဖိတ်ကြားထားသော ဦးအောင်ကြည်ညွန့်( CRPH ဥက္ကဋ္ဌ )၊ ဦးဇော်သင်း(NUG လွှတ်တော်အမတ်)ဒေါက်တာ တင့်ဆွေ၊ ဒေါက်တာ ရိုဒင်း(BACI Board Chairman) ၊ Elaisa ဘာနှီ(BACI Executive Director) တို့တက်ရောက်ခဲ့ကြကြောင်း၊ ကျန်းမာရေးဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် အမျိုးသမီး/ကလေးသူငယ်ဝန်ကြီးမှ ဒေါ်နော်လှလှစိုးတို့မှလည်း အွန်လိုင်းမှ တစ်ဆင့် မိန့်ခွန်းများ ပေးပို့ခဲ့ကြကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

လွတ်တော်ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ Mara ကာကွယ်ရေးတပ်အကြား တိုင်းရင်းသား ကာကွယ်ရေးတပ်များအကြား သွေးမကွဲရန်နှင့်စည်းလုံးမှုရှိကြရန် သွေးကွဲမစည်းလုံးလျှင် ရန်သူ့ စစ်ကောင်စီ အကြိုက်ဖြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပွဲတွင် ကရင် ရခိုင်နှင့် မြန်မာ့ရိုးရာ အစားအစာများများ ရောင်းချခဲ့ကြပြီး ရိုးရာ သီချင်း၊ အကများနှင့် တော်လှန်ရေး ကြွေးကြော်သီချင်းများ သီဆိုခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article