27 C
Yangon

ပဲခူး၊ အမြန်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်းသေဆုံး၊ မြိုင်တွင် ပျူစောထီးနှင့် စစ်တပ် တပ်စွဲထားသော နေရာကိုလက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း အမြန်လမ်း မိုင်တိုင် ၈၃ ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

အမြန်လမ်း မိုင်တိုင် ၈၃ ရှိ အကြမ်းဖက် စစ်တပ် အင်အား ၁၇ ဦးခန့်ရှိသော စစ်ဆေးရေး ဂိတ်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ပဲခူးမြို့နယ် ပကဖမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရွှေကျင် ပကဖနှင့် ညောင်လေးပင် ပကဖတို့ ပူးပေါင်းကာ ပုစွန်မြောင်းကျေးရွာအုပ်စု ကံမြင့်ကျေးရွာတွင် တပ်စွဲထားသော ဘုန်းကြီးကျောင်းသို့ ရိက္ခာနှင့် လူအင်းအားလာပို့သည့် စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပေါင်းတည်မြို့နယ် ကျောက်တံခါးရွာအနီး သစ်စွဲလမ်းတွင် ပြည်သူများထံ ဆက်‌ကြေးကောက်ခံနေသော သိမ်ကုန်းကျေးရွာနေ ပျူစောထီး ခေါင်းဆောင် မျိုးမင်းဇော်ကို ပြည်ခရိုင် တပ်ရင်း၃၆၀၂ တပ်ခွဲ (၄)မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မြိုင်နယ် ဝက်ပုတ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မျက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝက်ပုတ်ရွာရှိ စစ်တပ်နှင့် ပျူစောထီးများကိုအောက်တိုဘာလ ၉ ရက်နေ့တွင်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေးဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော နေရာကို R.D.F၊ M.U.G.D.F၊ အနောက်လွင်ပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ မုန်းတိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကိုအောင်ကြီး တပ်ဖွဲ့၊ မြိုင် PDF(ပကဖ) တပ်ရင်း ( ၁ ) တပ်ခွဲ ( ၁ )၊ မြိုင် PDF (ပကဖ) တပ်ရင်း ( ၁ ) တပ်ခွဲ ( ၂ )၊ ဘာမထီ၊ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်၊ ဇာမဏီ ပြောက်ကျား တပ်ဖွဲ့၊ ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့၊ ဇောင်းထက် ပြောက်ကျား တပ်ဖွဲ့၊ Hero G.Z၊ Mying Warriors၊ မဟူရာ အလင်းတန်း၊ နံသာမြိုင်၊ တမာမြေ၊ King Fither၊ Bermuda နှင့် Block Cobra ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article