ရန်ကုန်၊ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဖရုံကာရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၂၄ လုံး ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဖရုံကာရွာကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၂၄ လုံးနှင့် စပါးကျီ ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ အနီးအနားရှိ ခုံသာရွာနှင့် အူရွာကိုလည်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မွှေေနှောက်ကာ ပြည်သူပိုင် နွားများကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း သိရသည်။
” မင်းကင်းမြို့နယ် ဖူရုံကာရွာကို အောက်တိုဘာ ၈ ရက်နေ့က စစ်ခွေးတွေ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ခုံသာရွာက နွားတွေကိုလည်း သတ်ဖြတ်စားသောက်တယ်။ ဒီနေ့ ၁၁ ရက်နေ့ ညနေပိုင်းမှာ ခုံသာရွာနဲ့ အူရွာကို ဝင်စီးတယ်။ ေသနတ်သံတွေလည်း ကြားနေရပါတယ်။ ချင်းတွင်းမြစ်ဘေးက ရွာတွေ တောထဲကိုပြောင်းနေရပါပြီ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။