20 C
Yangon

ဒူဘိုင်းတွင် အိမ်ဖော် မြန်မာအမျိုးသမီး မချီမာဆဲ လစာမရသည့်အပြင် နှာ ခေါင်း သွေးလျှံမှု ဆက်တိုက်ဖြစ်နေမှု ဆေးကုသခွင့် မရ ၊ မြန်မာပြည် ပြန်ရန် ခွင့်တောင်းသော်လည်း ပွဲစား စည်သူအောင်က သိန်းရာကျော် အထိ လျှော်ကြေးတောင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

ဒူဘိုင်းတွင် အိမ်ဖော်လုပ်သူ မြန်မာအမျိုးသမီး မချီမာဆဲသည် လက်ရှိအလုပ်လုပ်နေသော နေအိမ်တွင် လုပ်ခလစာမရသည့်အပြင် နှာခေါင်းသွေးလျှံမှု ဆက်တိုက်ဖြစ်နေ၍ ပြန်ခွင့်တောင်းသော်လည်း ဒူဘိုင်းပို့ဆောင်သူ တရားမဝင် ပွဲစား စည်သူအောင်က သိန်းရာကျော် အထိ လျှော်ကြေးတောင်းနေကြောင်း သိရှိရသည်။

ဒူဘိုင်းတွင် ၂၀၂၂ ခုနှစ် မတ်လမှ စတင်ကာ အိမ်အကူလုပ်ကိုင်ရန် သွားရောက်ခဲ့သည့် မချီမာဆဲသည် လက်ရှိ အလုပ်လုပ်နေသော နေအိမ်တွင် လုပ်ခလစာ မရရှိကြောင်း၊ ပွဲစားဖြစ်သူ စည်သူအောင်ကလည်း တာဝန်ယူပေးခြင်းမရှိကြောင်း၊ လက်ရှိအချိန်တွင် မချီမာဆဲသည် လည်ပင်းနှင့် ရင်သားတွင် အကြိတ်များပေါက်၍ နေထိုင်မကောင်းဖြစ်ပြီး နှာခေါင်းသွေးလျှံနေမှုအတွက်လည်း ဆေးကုသခွင့်မရကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်‌နိုင်ရေး စီစဉ်ပေးရန် ပွဲစား စည်သူကို ပြောဆိုရာ တွင် လျှော်ကြေး ငွေကျပ်သိန်း ၁၅၀ တောင်းခံနေကြာင်း မချီမာဆဲက‌ ပြော သည်။

“သူက အစက ဒူဘိုင်း ပိုက်ဆံ ၃၀၀၀ တောင်းတာ အခု ပြန်ဖို့ပြောတော့ ၄၅၀၀ တဲ့။ တဖြည်းဖြည်း ပိုတောင်းနေတာ။ ဒူဘိုင်းသွားတဲ့ လူတွေက ဒူဘိုင်းမှာ တာဝန်ယူတဲ့ အေးဂျင့်ရှိကြတယ်။ ဒါပေမဲ့ သူတို့ အဖွဲ့က ဒူဘိုင်းရောက်က တည်းက ပစ်ထားတာပါ။ အေးဂျင့် စည်သူအောင်ပါ။ သွားတဲ့ လူ ၄ ယောက်မှာ ကလေးအမေ တစ်ယောက်ဆို အခု ၈ လကြာတဲ့အထိ အလုပ်တောင် မရသေးဘူး၊ အဆက်အသွယ်လည်း မရဘူး အိမ်မှာ ပိတ်လှောင်ထားတယ်လို့ ကြားတယ်” ဟု မချီမာဆဲ၏မိသားစုက ပြောသည်။

ဒူဘိုင်းတွင် အိမ်ဖော်အလုပ်ကို တစ်နေကုန်လုပ်ရပြီး ထမင်းစားသောက်ချိန်တွင်လည်း ထမင်းကြမ်းကို ပဲရည်ကျဲ၊ ကြက်သွန်နီသုပ်နှင့်သာ စားသောက်ရကြောင်း၊ သွားတိုက်ရန်လည်း ဆားနှင့်သာ တိုက်ရကြောင်း၊ လက်ရှိ ကျန်း မာရေးမကောင်း နေ့စဉ် နှာခေါင်းသွေးယိုမူးလဲနေသော်လည်း ဆေးကုသခွင့် မရဘဲ ပြန်ခွင့်လည်း မရကြောင်း မချီမာဆဲက ရှင်းပြသည်။

ဓာတ်ပုံ- ဒူဘိုင်းတွင် လက်ရှိ ဒုက္ခရောက်နေသူ အိမ်ဖော် မြန်မာအမျိုးသမီး မချီမာဆဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article