ရန်ကုန်၊ အောက်တိုဘာ ၂၁
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “မြို့သိမ်းတိုက်ပွဲတွေ ခပ်သဲ့သဲ့ကြားလာနေပြီ ဘာတွေပြင်ဆင်ထားပြီးပြီလဲ ပြည်သူ့သူရဲကောင်းတွေ ဘေးကင်းကြပါစေ။ တရားသောစစ်သာ အနိုင်ရပါစေ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။