35 C
Yangon

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာရှိ စစ်ရှောင်ပြည်သူများနေထိုင်သော စခန်းတစ်ခုအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက် ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ရှောင်ပြည်သူ တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လွိုင်ကော်-မိုးဗြဲ ကားလမ်းပေါ်ရှိ ကုန်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လက်နက်ကြီးကျည်သည် နေအိမ်တစ်လုံးအတွင်း ကျရောက်ပေါက်ကွဲပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပြီး မိခင်၊ အသက် ၈ နှစ်အရွယ်ကလေးငယ်နှင့် လသားအရွယ်ကလေးငယ် စုစုပေါင်း ၃ ဦးမှာ ဦးခေါင်းနှင့် ခြေထောက်များတွင် ထိမှန်ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ကရင်နီပြည်နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည် အများပြည်သူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article