ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကျန်းမာရေးမကောင်းမွန်သည့် ဒါရိုက်တာ၀ိုင်းကို ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်နေအိမ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဒါရိုက်တာ၀ိုင်းကို အဓိက ဖမ်းဆီးရန် လှုံ့ဆော်သူမှာ စစ်လော်ဘီ အစွန်းရောက် အကြမ်းဖက် ဟန်ငြိမ်းဦး အမည်ဖြင့်ဖွင့်လှစ်ထားသော တယ်လီဂရမ်မှ စတင်လှုံ့ဆော်ခြင်းဖြစ်ပြီး အခြားသော အနုပညာရှင်များကို လည်း ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဒါရိုက်တာဝိုင်းကို အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ယမန်နှစ်ကတည်းက အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ဒါရိုက်တာ၀ိုင်းကို လာရောက်ဖမ်းဆီးစဉ်။