26 C
Yangon

KTV တွင် ပျော်ပါးနေသည့် ငါန်းမြာရဲစခန်းမှူး ဒုရဲအုပ် ရာဇာဝင်းမြင့်နှင့် ရဲတပ်သား သူအောင်တို့ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာ ရဲစခန်းမှူး ဒုရဲအုပ်ရာဇဝင်းမြင့်နှင့် ရဲတပ်သား အောင်သူတို့ ယမန်နေ့ ညနေပိုင်း KTV တွ ပျော်ပါးနေစဉ် PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရာဇာဝင်းမြင့်၊ ရဲတပ်သား သူအောင်တို့ ၂ ဦးသည် ငါန်းဇွန်မြို့၊ နဝရတ်ကျေးရွာထိပ်ရှိ “ဝါဆိုဦး” KTV တွင် ဝင်ရောက် ပျော်ပါးနေခဲ့ကြောင်း၊ ထိုအချိန် PDF ၄ ဦးခန့်မှ ၎င်း KTV အခန်းအတွင်း ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ကြရာ ရဲတပ်သား သူအောင်တွင် ရင်ညွှန်ကျည်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒုရဲအုပ် ရာဇာဝင်းမြင့်တွင် ခြေထောက် ၂ ဖက် မိုင်းစထိမှန်ဒဏ်ရာများဖြင့် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး မိုးမင်းဦးအဖွဲ့က နဝတ်ရတ်ကျေးရွာအနီးတွင် PDF များကို ရှာဖွေလျက်ရှိကြောင်း၊ ပိတ်ဆို့ စစ်ဆေးမှုများလုပ် ဆောင် နေကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့။

Photo-AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article