28 C
Yangon

ထီးလင်းတွင် စစ်တပ် စီးနင်းခဲ့သော ရွာများကို ရှင်းလင်းရေး ဆောင်ရွက်စဥ် စစ်သားအလောင်းများကို မီးရှို့ခဲ့သော ပြာပုံများနှင့် ကျည်ဆံများ၊ ဗုံးသီးများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စီးနင်း ဖျက်ဆီးခဲ့သော ကျေးရွာများကို ထီးလင်း YDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ထီးလင်း YDF တပ်ဖွဲ့မှ ဗျူဟာမှူး သခင်ဇော် ဦးဆောင်သည့် အဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သားအလောင်းများကို မီးရှို့ခဲ့သည့် ပြာပုံများ တွေ့ရှိကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး ပါးမျဥ်းကျေးရွာတွင် ညမအိပ်နိုင်ဘဲ ထီးလင်းမြို့သို့ ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်သွားသည့် ခလရ (၅၀) လက်အောက်ခံ စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကြောင်းမှ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သော တပ်ရင်းအမှူးအလောင်းနှင့် ထပ်တိုး စစ်သား ၁ ဦး၏ အလောင်းများကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ထီးလင်းမြို့ ရွှေထီးခန်းမဝင်းထဲ၌ မီးရှို့ခဲ့ကြကြောင်း သိရသည်။

ထီးလင်းမြို့နယ်အတွင်း တစ်လကျော်ကြာ နေအိမ်များနှင့် ပြည်သူများကို သတ်ဖြတ် မီးရှို့နေသော သော ခလရ ၅၀ လက်အောက်ခံ စစ်သားနှင့် ပျူစောထီး စစ်ကြောင်းမှ ထိတွေ့ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ကျကျန်ခဲ့သော စစ်ဘက်ဆိုင်ရာ ပစ္စည်းများအား ဒေသခံပြည်သူများမှ ရှာဖွေစုဆောင်းပြီး ယောကာကွယ်ရေးတပ်-YDF(ထီးလင်း) ထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

YDF တပ်ဖွဲ့အနေဖြင့် RPG ကျည်ဖူး ၁ ဖူး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ RPG ပို့ကျည် ၂ တောင့်၊ MA ကျည် ၆၀၀ ကျော်၊ လက်ထုမိုင်း ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ MA ကျည်ဘောက်တစ်ခု၊ ကျည်ကာအကျီ ၂ ထည်၊ ကျည်ကာဦးထုပ် ၁ လုံးနှင့် အခြားအသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article