28 C
Yangon

ဒူဘိုင်းတွင် အိမ်ဖော် လုပ်ရမည်ဆိုပြီး မနှင်းဖြူဝင်းကို အီရတ်သို့ လိမ်လည်ပို့ဆောင်၊ အိမ်ရှင်က ရိုက်နှက်၍ ပြန်လိုသော်လည်း လျှော်ကြေး သိန်း ၃၀၀ တောင်း၊ အိမ်ပြန်နိုင်ရေး ကူညီကြရန် မေတ္တာရပ်ခံ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ဒူဘိုင်းတွင် အိမ်ဖော်အလုပ်လုပ်ရမည်ဆိုပြီး သွားရောက်ခဲ့သော မနှင်းဖြူဝင်းကို အီရတ်နိုင်ငံ ဘတ်ဂဒက်မြို့ သို့ အိမ်ဖော်အဖြစ် လိမ်လည်ပို့ဆောင်ခံခဲ့ရသဖြင့် ဒုက္ခရောက်နေရကြောင်း မနှင်းဖြူဝင်း၏ မိသားစုဝင်များထံမှ သိရှိရသည်။

“ရန်ကုန်က အေးဂျင့်ကို စင်ကာပူကို သွားဖို့ဆိုပြီး သင်တန်းတက်ကြတယ်။ ရန်ကုန်မှာ စင်ကာပူက ကြာမှာ။ ဒူဘိုင်းကတော့ မြန်တယ် ဆိုတော့ ဒူဘိုင်းကို သွားမယ် ဆိုပြီး အီရတ်ဆိုတဲ့ နိုင်ငံက ဘက်ကဒက်မြို့ကို သူတို့ ပို့လိုက်ကြတယ် ။ ဟိုဘက်ရောက်တော့ ညီမလေးမှာ အဆင်မပြေမှု များစွာနဲ့အစားအသောက်က အစ လူကိုပါ လက်နဲ့ အိမ်ရှင်က ထိရောက်စော်ကားခြင်းတွေ ခံနေရပါတယ်ရှင့်”ဟု မနှင်းဖြူဝင်း၏ အစ်မ ဖြစ်သူက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အီရတ်နိုင်ငံမှ ပြန်လိုပါက စာချုပ်တွင် လျှော်ကြေး ဒေါ်လာ ၃၀၀၀ ပေးရမည်ဟု ချုပ်ဆိုထားသော်လည်း အမှန်တကယ်တွင်မူ မိသားစုဝင်များထံမှ ဒေါ်လာ တစ်သောင်းအထိ လျှော်ကြေးတောင်းနေ၍ မိသားစုဝင်များအခက်တွေ့နေရကြောင်း သိရှိရသည်။

“ရန်ကုန်အေးဂျင့်က မမေသော်ထွန်း ဆိုသူပါ။ သူက ခု အိုမန်မှာလို့ ကြားပါတယ်။ ညီမလေးက ဒူဘိုင်းမှာတုန်းကလည်း တိုက်ခန်းထဲမှာအပြင်မထွက်ရဘူးဆိုပြီး သုံးလလောက်ကြာပါတယ်။ ညီမလေးကလည်း ခု အိမ်ရှင်အိမ်မှာ နေ့တိုင်း ငရဲ ကျနေသလို ခံစားနေရလို့ပါရှင့်။ လမ်းစာရိတ်ပေးပြီးလျော်မယ် ဆိုတော့ သူတို့က သိန်း ၃၀၀ လောက် တောင်းနေတယ်။ အစက ဒေါ်လာ ၃၀၀၀ ဆိုတော့ အဲ့ လောက်ဆို ဆွေမျိုး အသိုင်းအဝိုင်းက စုပြီးလျှော်မယ်လို့ ပြောတော့ ဒေါ်လာ ၁၀၀၀၀ ပြောင်းတောင်းတယ်” ဟု မနှင်းဖြူဝင်း၏ အစ်မ ဖြစ်သူက ပြောကြားသည်။

မနှင်းဖြူဝင်းကို အီရတ်နိုင်ငံမှ ပြန်လာနိုင်စေရန်အတွက် မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ဆိုသည်နှင့် ကူညီနိုင်သူများ ကူညီကြပါရန် မိသားစုဝင်များက မေတ္တာရပ်ခံထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article