27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အငြိမ်းစား- ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်း နဲ့ ဒုတိယဇနီးခင်မြတ်နိုး ဆို သူတို့ဟာ ငွေစုမဲ၊ ရောင်းမဲတွေ ရောင်းချတာ နဲ့ မဲဖောက် အလှည့်ကျ ငွေယူ စုဆောင်းတဲ့ စနစ်ကနေ ရရှိတဲ့ ငွေကျပ် သိန်း တစ်သောင်းကျော် ကို လိမ်လည် ထွက်ပြေး သွားတဲ့အတွက် အမှုဖွင့်လှစ် သွားဖို့ရှိ နေတယ်လို့ ငွေလိမ်လည်ခံ ရသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို Kalay PDF ကနေ နိုဝင်ဘာလ ၃ ရက်နေ့ က မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦး နေရာမှာတင် ပွဲချင်းပြီး သေသွားသလို ၊ စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ထောက်ကြန့် ကျေးရွာက သက်ကြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ – ဒူဘိုင်းမှာ အိမ်အကူ အလုပ်လုပ်ရမယ်ဆိုပြီး သွားရောက်ခဲ့တဲ့ မနှင်းဖြူဝင်း ဆိုသူကို ဒူဘိုင်းကိုမပို့ပဲ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ကို အိမ်အကူအဖြစ် လိမ်လည် ပို့ဆောင်ခံခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article