28 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့၊ သံဃာနှစ်ပါး အပါအဝင် ပြည်သူ ၉ ဦး ပျောက်ဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ၁၀ ရက်အတွင်း စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့၊ သံဃာနှစ်ပါး အပါအဝင် ပြည်သူ ၉ ဦး ပျောက်ဆုံးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်နှင့်ပျူစောထီးများက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ် ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ရွာပေါင်း ၅ ရွာခန့်မှ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးကာ သံဃာနှစ်ပါးအပါအဝင် ၉ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း ၆၀၀၆ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများသည် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ နေအိမ် ၂၀၀ ဝန်းကျင် မီးရှို့ ဖျက်ဆီးခံထားရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးစဉ် ရွာမရွာမှ အမျိုးသား ၃ ဦး၊ အင်းလယ်ကြီးရွာမှ အမျိုးသား ၁ ဦး၊ အင်္ဂါထောင့်ရွာမှ အမျိုးသား ၁ ဦး၊ကျွန်းပင်ကုန်းရွာမှ ဦးဇင်း ၂ ပါးနှင့် အမျိုးသား ၂ ဦး၊ မဲသည်ရွာမှ အမျိုးသား ၂ ဦးတို့ ဖမ်းဆီးခံရပြီးပျောက်ဆုံးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ခုတ်ထစ်သတ်ဖြတ်ကာ မီးရှို့ မြေမြှုပ်သွားသည့် အလောင်းနှစ်လောင်းကို တူးဖော် တွေ့ရှိရပြီး ထိုအလောင်း နှစ်လောင်းသည် မဲသည်ရွာမှ ပျောက်ဆုံးနေသည့် အမျိုးသားနှစ်ဦး၏ အလောင်းများ ယူဆရ ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကန့်ဘလူမြို့ အနောက်တောင်ဘက်ရှိ ဂါးထာဆည်ကြီးကျေးရွာတွင် ရောက်ရှိနေကြောင်း ၊ စစ်ဘေးရှောင် ပြည်သူများမှာ လက်ရှိတွင် စားဝတ်နေရေး အခက် အခဲ၊ ဆေးဝါး မလုံလောက်မှု အခက်အခဲများ ရင်ဆိုင်နေရသဖြင့် အကူအညီများစွာ လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article