27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်ဘက်တော်သား ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုအပြင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေး နဲ့ အိမ်တိုင်းမှာ ဘုရားစင် မပျောက်ရေးအတွက် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပေါ် လာတယ်ဆိုတဲ့ သဘောထား တွေကို လှည့်လည် ပြောဆိုနေပါတယ်။ – မြန်မာနိုင်ငံတစ်ဝန်း ကျေးလက်ဒေသတွေမှာ တန်ဆောင်တိုင် ဘုရားပွဲတွေ ၊ ပွဲလမ်းသဘင်တွေ နဲ့ စနေ၊ တနင်္ဂနွေအားလပ်ရပ် ပျော်ပွဲရွှင်ပွဲတွေမှာ လူစည်ကားအောင်ဆိုပြီး ၊ လောင်းကစား၀ိုင်းတွေကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲတွေက မဖြစ်မနေ ထည့်သွင်း ကျင်းပခိုင်းတဲ့ အပြင် ၊ ဆက်ကြေး ကောက် ယူမှုတွေလည်း ရှိနေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောကြပါတယ်။ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နိုင်ဝင်ဘာလ ၃ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခြေကျင် စစစ်ကြောင်းကို PDF တပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ၊ ခြေပြတ် လက်ပြတ် ဒဏ်ရာရရှိသူတွေပါရှိသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article