27 C
Yangon

ဖားကန့် မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲခံရပြီး ရဲနှင့်စစ်သား ၅ ဦးဒဏ်ရာရ၊ သထုံတွင် စစ်တပ်နှင့်ရဲက ရမ်းသမ်းပစ်ခတ်၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် စစ်ကား ၄ စီး မိုင်းဆွဲခံရ၊

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး ရဲနှင့်စစ်သား ၅ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့နောက် ယနေ့ ည ၈ နာရီဝန်းကျင်တွင် ဖားကန်မြို့ နေရာအနှံအပြားတွင် စစ်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်နေ ကြောင်း ဒေသခံများက ဆိုကြသည်။

“ညနေက သူတို့အထိနာသွားလို့ ရမ်းသမ်းပစ်နေတာနေမယ်။ အခုကြားတာ ရဲ ၂ ကောင်ဂန့်တယ်။ ၃ ကောင်ကတော့ အသက်လုနေရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ သထုံ မြို့မရဲစခန်းအနီးတွင်လည်း ယနေ့ ည ၈ နာရီ ၄၆ မိနစ်အချိန် သေနတ်များဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုကြသည်။

“ခွေးတွေ ဘယ်သူမှလည်း လာမပစ်ဘဲနဲ့ ကြောက်အား လန့်အားနဲ့ ပစ်နေကြတာ”ဟု သထုံမြို့ခံတစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် မန္တလေးမှ မုံရွာသို့ ဆင်းလာသည့် စစ်ကား ၄ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၁ နာရီကျော်ခန့်တွင် မန္တလေးမှ မုံရွာသို့ ဆင်းလာသော စစ်ကား ၄ စီးကို Black Wolf Soldiers အဖွဲ့မှ မိခင်တပ်ဖွဲ့ဖြစ်သည့်ဘChaung U Revolution Army (CRA-2) ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်နှင့် Spring Soldiers အဖွဲ့တို့ ပူးပေါင်းကာ Spring Soldiers အဖွဲ့၏ ပဒေသာမိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ် ယာဥ်တန်း၏ ၄ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း Black Wolf Soldiers အဖွဲ့က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article