27 C
Yangon

ရေဖြူမြို့တွင် မူးဒူးကျောင်းတိုက်ကားကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ကျည်ထိမှန် ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ နဘုလယ်​ဒေသတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မူးဒူးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ဆရာတော်သည် ပရဒတ်ရွာဘုန်းကြီးကျောင်းကို ယနေ့ နံနက် ၅ နာရီခွဲ အရုဏ်ဆွမ်းစားကြွရန် မူးဒူးကျေးရွာမှအထွက် ဒေသအခေါ် ပုစွန်အင်းတံတားအနီးတွင် ပစ်ခတ်ခံခဲ့ရကြောင်း၊ ကားပေါ်တွင် ယာဥ်မောင်းနှင့် ဆရာတော်တို့လိုက်ပါလာခဲ့ပြီး ဆရာတော်ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က မူးဒူးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဓမ္မဝံသ လိုက် ပါသော ကားကို သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ဆရာတော်၏ ပေါင်တွင် ကျည်ဆံထိမှန်ခဲ့ကြောင်း သိရှိရသည်။

” ကားကိုသေနတ် ၆ချက်လောက်ပစ်တာခံလိုက်ရတာပါ။ ဘုန်းကြီးကားဆိုတာ ကားမှာကျောင်းနာမည်တွေရေးထားတာပဲ။ ရည်ရွယ်ချက်ရှိရှိပစ်တာတောင်ဖြစ်နိုင်တယ်။ လမ်းသွားလမ်းလာလည်းများများစားစားမရှိတဲ့လမ်းပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသော ဆရာတော်ကို အရေးပေါ် ဆေးရုံတင်ပို့ ကုသနေရကြောင်း သိရှိရသည်။

နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ယမန်နေ့ အကြမ်း ဖက် မင်းအောင်လှိုင် လာရောက်၍ လုံခြုံရေး အများအပြား ချထားချိန်တွင် ယခု ကဲ့သို့ ဆရာတော်တစ်ပါးကို စစ်တပ်က ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

(The Tanintharyi Times သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article