26 C
Yangon

မဲဆောက်တွင် မြန်မာဘက်သို့ ပို့မည့် စနိုက်ပါလက်နက်များ အပါအဝင် သေနတ်အရှည်၊ အတို ၅၉ လက် ဖမ်းဆီးရမိဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လယ်တွင် မြန်မာနိုင်ငံသားတစ်ဦးငှားရမ်းထားသော နေအိမ်တွင် သေနတ်အရှည်၊ အတို များ အပါအဝင်စုစုပေါင်း လက်နက် ၅၉ လက် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများနှင့် မဲဆောက်မြန်မာသတင်းရပ်ကွက်များထံမှ သိရှိရသည်။

ယနေ့ နံနက် ၅ နာရီအချိန် မဲဆောက်မြို့ အင်ထရာခီလီလမ်း ဘန့်နိုင်းဖန်အိမ်ရာရှိ အိမ်အမှတ် ၁၁/၈၄ ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာမှ မောင်းပြန်သေနတ် ၃၉ လက် ၊လက် နက်ငယ် ၂၀ လက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ ဆက်စပ်သူများကို ထပ်မံ ဖမ်းဆီးမည့် အလားအလာရှိကြောင်း သိရှိရသည်။

“လက်နက်တွေက မြန်မာပြည်ဘက်ကို ပို့မယ့် လက်နက်တွေလို့သိရတယ်။ ဖမ်းတာကတော့ နယ်မြေခံမဟုတ်ဘဲ ဘန်ကောက်က တိုက်ရိုက်လာတဲ့ အမိန့်နဲ့ဖမ်းတာလို့သိရပါတယ်။ လောလောဆယ်တော့ အဲဒီအိမ်ကို ငှားရမ်းထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးလည်း အဖမ်းခံထားရတယ်ပြောတယ်။ ထိုင်းဘက်က သတင်းထုတ်ပြန်ချက်ကိုပဲ စောင့်ကြည့်ရမှာပဲ” ဟု မဲဆောက်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်မှ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အောက်တိုဘာ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ ဘန် ကောက်တွင် ထိုင်းရဲဗိုလ်ချုပ် Khemmarin Hassir ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှု၊ မြန်မာနိုင်ငံသား ထိုင်းနယ်စပ်တွင် ခိုအောင်းနေမှုကို ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် သတင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article