27 C
Yangon

တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သားဟိန်းဇော်ဦး လက်နက် အပြည့် အစုံ ဖြင့် အလင်းဝင်၊ NUG က ဘတ်ငွေ ငါးသောင်း ဆုချ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကော်ဘရာစစ်ကြောင်းထံသို့ ခမရ ၂ မှ တပ်ဖွဲ့ ဝင်တပ်သား ဟိန်းဇော်ဦး လက် နက်နှင့်တစ်ကွ CDM ဝင်ရောက်လာပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆုချကြောင်း ကော်ဘရာစစ်ကြောင်းက တရားဝင်သတင်းထုတ်ပြန်သည်။

ကော်ဘရာပူး‌ပေါင်းစစ်ကြောင်း ထံသို့ နိုဝင်ဘာ ၅ ရက်နေ့တွင် တပ်မ ၄၄ လက် အောက်ခံ ခမရ ၂ မှ တပ်ဖွဲ့ဝင် ဟိန်းဇော်ဦးသည် MA 3 သေနတ် တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကပစ ကျည် ၁၀၀ တောင့် နှင့်အတူ CDM ဝင်ရောက် လာကြောင်း တရားဝင်သတင်းထုတ်ပြန်ချက် ဆိုသည်။

ခမရ ၂ မှ တပ်သား ဟိန်းဇော်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ် ခိုလှုံကာ CDM ဝင်ရောက်ခဲ့သဖြင့် အမျိုး သား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆုတော်ငွေ ထိုင်းဘတ် ၅၀,၀၀၀( မြန်မာကျပ်ငွေ သိန်း ၄၀ ဝန်းကျင်) ချီးမြင့်ကြောင်း၊ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ကိုယ် စား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article