27 C
Yangon

ဆောရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ၁ လက်ဖြင့် CDM ပြုလုပ်ခဲ့ပြီး PDF တပ်ဖွဲ့က ငွေကျပ် သိန်း ၄၀ ချီးမြှင့်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

မကွေးတိုင်း၊ ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် တစ်လက် ယူဆောင်လာကာ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် ကျောက်ထု PDF (YRPA)ထံ G-3 သေနတ် တစ်လက် ယူဆောင်လာကာ CDM ပြုလုပ်ခဲ့​ပြီး ကျောက်ထု PDF တပ်ဖွဲ့က ငွေကျပ် သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားသည် G3 သေနတ် ၁ လက်နှင့်အတူ ကျည်ဘောက် ၂ ခု၊ ကျည် ၅၃ တောင့်တို့ကိုလည်း ယူဆောင်လာကြောင်း၊ ကျောက်ထု PDF (YRPA)က CDM ရဲတပ်သားကို ဆုကြေးငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကာ လွတ်မြောက် နယ်မြေကိုလည်း ဘေးကင်းလုံခြုံစွာပို့ဆောင် ပေးခဲ့ကြောင်း ကျောက်ထု PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article