ရန်ကုန်၊ နိုဝင်ဘာ ၅
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ် ၇၀၀၄ သံချပ်ကာတပ်ရင်းကို ယနေ့ညပိုင်းတွင် ရှော့တိုက်ဒုံများဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် စစ်တပ်ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် မြစ်ကြီးနားမြို၊ အမှတ် ၇၀၀၄ သံချပ်ကာတပ်ရင်းထဲသို့ ရှော့တိုက် ဒုံး များဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
“ညနေက အမှတ် ၇၀၀၄ သံချပ်ကာတပ်ရင်းနားမှာ ပစ်ခတ်သံ ၂ ချက်တော့ကြားရတယ်။ ဘယ်သူက ဘယ်သူ့ကို ပစ်နေတာလဲတော့မသိပါဘူး” ဟု ၁၆ မိုင် အနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြော သည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ရှော့တိုက်ဒုံးတစ်လုံးသည် တပ်တွင်းစာ သင်ကျောင်းသို ကျရောက်ပေါက်ကွဲပြီးကျန်တစ်လုံးမှာ ရိပ်သာဘေးကျရောက်ပြီး ပေါက်ကွဲခြင်းမရှိကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။
အလားတူ ယနေ့ ည ၆ နာရီကျော်ခန့်အချိန်ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် ဗန်းမော်တစ်မြို့လုံး စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး တင့်ကားများ ပတ်မောင်း နေသည်ဟု KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
KIA သတင်းရင်းမြစ်တစ်ခုကလည်း ယနေ့ ညနေ ၅ နာရီ ၄၅မိနစ်အချိန်ခန့် ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်းအခြေစိုက်တပ်စွဲထား သော လေကြောင်း တပ်စခန်းနှင့် လေတပ်စခန်းအနီးရှိ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အမြှောက်တပ်အတွင်းထားရှိသော အမြှောက်တင်စစ်ကား တစ်စီး ပေါက်ကွဲမီးလောင်းပျက်စီးသွားကြောင်း၊ စစ်သားထိခိုက်သေဆုံး မှုများလည်းရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်တွင် လှည့်လည်နေသော တင့်ကားများ။
Photo -AFP