25 C
Yangon

ဝက်လက်တွင် စစ်ကြောင်းနှင့်အတူ ပြည်သူ့ပစ္စည်းများ ခိုးယူလုယက်ခဲ့သော ပျူစောထီး ၁ ဦး ဖမ်းဆီး ပစ်ခတ်ခံရပြီး သေဆုံး၊ တွံတွေးတွင်လည်း ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခဲ့သည့် ပျူစောထီးအဖွဲ့ဝင် သိန်းစိုးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ဝက်လက်မြို့ပေါ်၌ နေထိုင်သည့် ပျူစောထီးအဖွဲ့ဝင် သိန်းစိုးဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီး အဖွဲ့ဝင် သိန်းစိုးဦးသည် အကြမ်းဖက် စစ်တပ် နောက်လိုက် တစ်ဦးဖြစ်ပြီး စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးချိန်တွင် ပြည်သူပိုင် နေအိမ်အတွင်းရှိ ပစ္စည်းများကို လိုက်လံသိမ်းဆည်းယူဆောင်ပြီး ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ချိန်၌လည်း နေအိမ်များကို လိုက်လံ ပြသ၍ မီးကူရှို့သူ ဖြစ်ကြောင်း ၊အဆိုပါ ပျူစောထီး အဖွဲ့ဝင်ကို Eagle Guerrilla Force၊ Tiger King၊ Eagle-သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ တို့က ပစ်ခတ် ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သိန်းစိုးဦးသည် ပျူစောထီး အဖွဲ့ဝင် ဟုတ်၊ မဟုတ်ကို မြေပြင်အခြေ အနေတွင် အတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ ရန်ကုန်တိုင်း၊ တွံတေးမြို့ ၊ သမ္ဗာန်ဆိပ်ကျေးရွာတွင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်အချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး စိုးရိမ်ရ ဒါဏ်ရာရခဲ့ကြောင်း သိရှိရသည်။

သမ္ဗာန်ဆိပ်ကျေးရွာရှိ သိန်းဇော်နေအိမ်တွင် ဝိုင်းဖွဲ့စကားပြောနေစဥ် လက်နက်ကိုင်နှစ်ဦးရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အိမ်ရှင် သိန်းဇော်နှင့် သိန်းဝင်းမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ကျော်လင်းနိုင်၊ ဟိန်းမင်းထက်နှင့် အောင်သူတို့တွင် စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာဆက်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖမ်းဆီးခံထားရသူ ပျူစောထီး သိန်းစိုးဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article