27 C
Yangon

မုံရွာမြို့နယ်၊ ထန်းလေးပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးဝင်ရှို့ ၊ ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်းတွင် မီးဝင်ရှို့ခဲ့ပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်မှစတင်ပြီး မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာရှိ ​ပြည်သူ့နေအိမ်များကို စစ်တပ် အင်အား ၁၅၀ခန့်က မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ၅ရက်နေ့က ထန်းလေးပင်ကျေးရွာအနီးသို့ ရောက်ရှိလာသော ဂျိုးစုကျေးရွာမှ စစ်ကြောင်းသည် ညောင်ပင်ရွာမှ စစ် ကြောင်းနှင့်ပူးပေါင်းသွားပြီး ယနေ့နိုဝင်ဘာလ၆ရက်နေ့ နံနက်တွင် ထန်းလေးပင်ကျေးရွာရှိ လူနေအိမ်အချို့မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကြောင်းက အခုထိ ရွာထဲမှာ ရှိသေးတယ်။ အိမ်ခြေဘယ်လောက်မီးလောင်လဲ ဆိုတာမသိရသေးဘူး။ ပြည်သူတွေ ဖမ်းဆီးခံရလား အကုန် ပြေးနိုင်လားလဲ မသိရသေးဘူး။ ဘာမှ မသိရသေးဘူး။ စစ်ကြောင်းဝင်လို့ အကုန်ပြေးရတာ” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article