27 C
Yangon

KIA ထိန်းချုပ်မြို့တော် မိုင်ဂျာယန်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်မြို့တော် မိုင်ဂျာယန်ကို စစ်တပ်က ယနေ့ နိုဝင်ဘာလ မွန်းလွဲပိုင်းတွင် လက်နက်ကြီး ဖြင့် ပစ်ခတ်ကြောင်း KIA သတင်းရင်းမြစ်များထံမျ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က KIA ထိန်းချုပ်မြို့တော် မိုင်ဂျာယန်ကို လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၊ လူထိမှန်ခြင်းမရှိဘဲ လက်နက်ကြီးကျရောက်သည့် အပိုင်းအစများကို သိမ်းဆည်းရမိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

“လူတော့မထိဘူး။ ပစ်တဲ့လက်နက်ကြီး အပိုင်းအစတွေကိုတော့ တွေ့တယ်။ ပစ်တာက ၄ ချက်ပစ်တာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၂ ရက်နေ့တွင် KIO ၆၂ မြောက် အခမ်းအနားကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့ပြီး လူ ၈၀ ကျော်သေဆုံးခဲ့ကာ လူ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီးနောက် ထပ်မံ၍ လက်နက်ကြီးများဖြင့်ပ စ်ခတ်ခြင်းများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- KIA ထိန်းချုပ်မြို့တော် မိုင်ဂျာယန်။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article