27 C
Yangon

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အရေးပေါ် ICU အခန်းထဲတွင် အသက်လုနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၊ ကမ်းနားလမ်းရှိ RV စားသောက်ဆိုင်ထဲတွင် ယနေ့ညပိုင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စစ်တွေဆေးရုံကြီး၊ အရေးပေါ် ICU အခန်းထဲတွင် အသက်လုနေရကြောင်း ဆေးရုံသတင်းရပ်ကွက်က ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်အချိန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး RV စားသောက်ဆိုင်ထဲတွင် ရှိနေစဉ် သေနတ်သမား တချို့ က ဝင်ရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိကြောင်း၊ သွေးထွက်လွန်နေပြီး လူနာမှာ အလွန်ပင်အားနည်း ဖြူဖျော့နေပြီဖြစ်ကြောင်း သိရှိရသည်။

“ခေါင်းလည်း ထိထားတယ်။ တစ်ကိုယ်လုံးတော့ သွေးတွေရွှဲနေတယ်။ သတိ လစ်ချင်သလိုလိုဖြစ်နေပြီ။ အခုတော့ အသက်အန္တရာယ်က ၉၀ ရာခိုင်နှုန်း စိုးရိမ်နေရတယ်။ သွေးထွက်လည်းလွန်နေတယ်။ အရေးပေါ်ထဲမှာ အသက်လုနေရတယ်” ဟု ကျန်းမာရေး သတင်းရင်းမြစ်က ပြောသည်။

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦးသည် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးအဖြစ် ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သေနတ်ဖြင့် ပစ်ခတ်ခံရသော ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦးကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article