30 C
Yangon

ပဲခူး ရွှေမောဓောဘုရားတွင် ယနေ့ ညပြုလုပ်သည့် တန်ဆောင်တိုင်ပွဲ လူမစည်၊ ငြိမ်းချမ်းရေး သင်္ကေတမီးပုံးပျံလွှတ်တင်စဉ် အလံ မီးလောင်ပြုတ်ကျပြီး မီးလန့်မှုဖြစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ပဲခူးရွှေမောဓောဘုရားတွင် ယနေ့ ညပြုလုပ်သည့် တန်ဆောင်တိုင်ပွဲကို လာရောက်သူ များပြားခြင်းမရှိဘဲ ဂီတပွဲ ကျင်းပသည့်နေရာနှင့် မီးပုံးပျံ လွှတ်သည့်နေရာတွင်သာ လူတစ်စု ၊ တစ်စုစီ မြင်တွေ့ရကြောင်း၊ စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် လာရောက်သူများပြားသည်ဟု ဝါဒဖြန့်နေခြင်းမှာ မဟုတ်မှန်ကြောင်း ပဲခူးဒေသခံတချို့က ပြောသည်။

“ဟိုနားတစ်စု၊ ဒီနားတစ်စုပါပဲ။ ဘုရားပေါ်လည်း လူက ခြောက်ကပ်၊ စတိတ်ရှိုးနားမှာ ပွဲလုပ်တဲ့ စင်နားမှာ လူနည်းနည်းလေးရှိတယ်။ မီးပုံးပျံလွှတ်တဲ့နားလူ ဟိုတစ်စု ၊ ဒီတစ်စုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ညနေ ၆ နာရီခွဲအချိန် ရွှေမော်ဓောဘုရားတန်ဆောင်တိုင် ပွဲတော်အဖိတ် နေ့ ယာဉ်ရပ်နားဝင်းတွင် စတင်ပြုလုပ်ပြီး မီးပုံးပျံ လွတ်တင်ပွဲနှင့် သီချင်းဖျေ ာ်ဖြေပွဲ ပြုလုပ်ကြောင်း၊ ပြည်သူအများစုလာရောက်ခြင်းမရှိဘဲ ဌာနဆိုင်ရာ ဝန် ထမ်းများ ဌာနတစ်ခုလျှင် လူ ၅၀ ခန့် မဖြစ်မနေ တက်ရောက်ခိုင်းကြောင်း၊ မီးပုံးပျံကြီး ၆ လုံး လွှတ်တင်ခဲ့ပြီး နောက်ဆုံး မီးပုံးပျံလွှတ်တင်ချိန်တွင် လူမရှိသလောက် ဖြစ်သွားကြောင်း သိရှိရသည်။

မြန်မာပြည်၏ ငြိမ်းချမ်းရေး သင်္ကေတ ဆိုသည့် မီးပုံးပျံကို ဘုရားကြီးအဖွဲ့က လွှတ်တင်ရာတွင် မြန်မာနိုင်ငံ အလံပုံဖော်ထားသည့် မီးပုံးများ ပြတ်ကျသွားကြောင်း၊ ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားလမ်း၊ ငါးမြှားချိတ် စက်ရုံအပေါ်သို့ မီးပုံးပျံပြုတ်ကျသဖြင့် မီးလန့်မှု ယ​နေ့ ည ၈ နာရီ ၃၀ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး မီးသတ်ကား (၇)စီး Ambulance (၁) စီးသွားရောက် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။

“အရင်ကကျနော်တို့…ပဲခူးမြို့ဘုရားပွဲကလူတိုးလို့မပေါက်အောင်စည်ကားခဲ့သမျှအခုခွေးတွေလက်ထက်မှာ…ဘုရားဝင်းကို ပိတ်ပြီးသူ့လူနဲ့သူကျင်းပနေကြတာ။ ပြီးတော့… ဘုရားဝင်းမှာရှိတဲ့ဈေးဆိုင်ခန်း ၁၅၀ ကျော်လောက်က… တ ကယ်ဈေးရောင်းတဲ့သူ အစစ်တွေမဟုတ်ဘဲ ..တစ်ရပ်ကွက်စီက ရပ်ကွက်လူကြီး တစ်ယောက်စီက…သွားပြီးဈေးဆိုင်ဖွင့်ပေးရတာ… ဟန်ပြသပ်သပ်သွားပြီးဖွင့်ပေးရတာ… အဲ့လို…ဂျင်းတွေကို…စစ်ခွေးလော်ဘီတွေကိုပုံရိုက်ဝါဒဖြန့်နေတာပါ။ ကျနော်တို့ပဲခူးမြို့ခံတွေအသိဆုံးပါ…” ဟု ပဲခူးဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၆ ရက်နေ့ ပဲခူးရွှေမော်ဓောဘုရား တန်ဆောင်တိုင် လူမစည်သည့်မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article