ရန်ကုန်၊ နိုဝင်ဘာ ၇
ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသားများ ဦးဆောင်ကာ “မဟာအောက်တိုဘာ တော်လှန်ရေး (၁၀၅) နှစ်ပြည့် အထိမ်းမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ယနေ့သည် တော်လှန်သောတန်ဆောင်တိုင်နေ့လည်း ဖြစ်သည်။ အဖိနှိပ် ခံလယ်သမားများ ကျောင်းသားများ တသားတည်းညီကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်မှုများလည်း ပြုလုပ်ခဲ့ပါတယ်။ ရဲဘော်တို့လာ စုရုံးနေ၊ အဆုံးစစ်ပွဲနွှဲမယ်လေ” ဟု ယင်းမာပင်မြို့နယ် ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။