26 C
Yangon

ဝက်လက်တွင် တန်ဆောင်တိုင် လပြည့်နေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး ၁ ဦးသေဆုံးပြီး အဘွားအို၊ ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ ဦး ဒဏ်ရာ အပြင်းအထန်ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ (တန်ဆောင်တိုင်လပြည့်နေ့) ညပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အမျိုးသမီး ၁ ဦးသေဆုံးပြီး အဘွားအို ၁ ဦး၊ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့ဒေသသတင်းရင်းမြစ်နှင့် ဒေသခံများက ပြော သည်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ ရှိန်းမကား‌ကျေးရွာရှိ စစ်တပ်စခန်းမှ လက် နက်ကြီး ရမ်းသန်း ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ကျေးရွာရှိ နေအိမ် တလုံးပေါ်သို့ လက်နက်ကြီး ကျရောက်၍ မိသားစုဝင် ၄ ဦး ကျည်ထိမှန်ကြောင်း၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဒဏ်ရာ အပြင်း အထန်ရရှိကြောင်း၊ အဘွားအို တစ်ဦးနှင့် သေဆုံးသူ အမျိုးသမီး၏ ၃ နှစ်အရွယ်ကလေးငယ် ပါ ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“တန်ဆောင်တိုင် လပြည့်ညကြီးတောင် ဒီကောင်တွေ လုပ်တာဗျ။ အတော်ရက်စက်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ-ဒဏ်ရာရရှိသူ အဘွားအို၊ ကလေးငယ်နှင့် အမျိုးသား။

Photo- Wetlet Informational Network

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article