26 C
Yangon

မုံရွာ ထန်းလေးပင်ရွာတွင် စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂၀ ခန့် တွေ့ရှိထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာကို စစ်တပ်က ဝင်စီးပြီးနောက် သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂၀ ခန့် တွေ့ရှိထားကြောင်း၊ မုံရွာမြို့နယ် ကျေးရွာလုံခြုံရေးအဖွဲ့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ ထန်းလေးပင်ကျေးရွာကို စစ်ကောင်စီတပ်များက လက်နက်များ ပစ်ခတ်၍ စီးနင်းဝင်ရောက်လာကြောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည် ထွက်ခွာသွားသဖြင့် ကျေးရွာ လုံခြုံရေးအဖွဲ့များက ဝင်ရောက်စိစစ်ရာ ရုပ်အလောင်း ၂၀ ခန့်ကို တွေ့ရှိရခြင်းဖြစ်ပြီး လုံ ခြုံရေးအခြေအနေအရ နယ်မြေရှင်းလင်းရေး အသေးစိတ်မလုပ်နိုင်သေးကြောင်း သိရှိရသည်။

မုံရွာမြို့နယ်တွင် လှည့်လည်ပြီး ရွာများကို မီးရှို့ပြီး ပြည်သူများကို သတ်ဖြတ်နေသော စစ်တပ်သည် နိုဝင်ဘာ လ ၂ ရက်နေ့ တောပုကျေးရွာမှ စတင်ထွက်ခွာလာပြီး နဂါးတွင်းရွာအပါဝင် ကျေးရွာ ၃ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ခွေးတွေက ညနေ ၆ နာရီကျော်မှ ရွာထဲက ထွက်သွားတယ်။ ည၇နာရီကျော်မှ ကျနော်တို့ အဖွဲ့ တွေဝင်ရှင်းနေတယ်။အခုကတော့ အရပ်သား ၁၀ ဦးကျော်နဲ့ PDF ၅ ဦးအလောင်းတွေ့ထားတယ်။အရပ်သားတွေထဲကတော့ အသက်ကြီးသူတွေနဲ့လူငယ်လေးတွေပါတယ်။ PDF ၅ ဦး အလောင်းကတော့ ကြည့်လို့ကိုမကောင်းပါဘူး။ ခေါင်း၊ ခြေနဲ့လက်ကို ခုတ်ဖြတ်ထားတယ်။ လောလောဆယ်တော့ အလောင်း ၂၀ နီးပါးလောက် တွေ့ထားတယ်။ တစ်ရွာလုံး သေချာ မရှင်းရသေးဘူး” ဟု မုံရွာတော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်တပ်၏ သတ်ဖြတ်မှု ခံရသူများသည် စစ်ကြောင်းထိုးစဉ် ဖမ်းမိသော ပြည်သူများ၊၊ ဓား စာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသော ပြည်သူများ ဖြစ်နိုင်ကြောင်း၊ သေဆုံးသူများ၏ အမည်နှင့် နေရပ်တွေအတည်ပြုနေဆဲဖြစ် ကြောင်း၊ အကြမ်းဖက်စစ်တပ်က ထန်းလေးပင်ရွာမှတစ်ဆင့် ထနောင်းတောမြောက် ရွာ၊ ထနောင်းတောတောင်ရွာ ဘက်ကို ဖြတ်သန်းသွားပြီး ထနောင်းတောနှစ်ရွာ၏ အရှေ့တောများဘက် ကြာပိုင်ကျေးရွာမှတစ်ဆင့် တောပုမြောက် ရွာ သို့ သွားလာနေကြောင်း၊ စစ် ကြောင်းလှည့်လည်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း ထန်းလေးပင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article