26 C
Yangon

ပုဏ္ဏားကျွန်းမြို့ ခမရ ၅၅၀ တပ်ရင်းက လက်နက် ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၊ ဈေးနှင့် ကျောင်းများ ပိတ်ထားရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ(၅၅၀)တပ်ရင်းက ယနေ့နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက စပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေမှုကြောင့် မြို့မဈေးကို ပိတ်လိုက်ပြီး မြို့ခံများနှင် အနီးအနားရှိကျေးရွာများ ဒေသခံများ စိုးရိမ်မှု မြင့်တက်နေသည်။

ပုဏ္ဏားကျွန်းမြို့တွင် ယခင် ၂၀၂၀ ခုနှစ်နောက်ပိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမရှိဘဲ ယနေ့တွင် ခမရ(၅၅၀)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ အကြိမ် ၃၀ လောက်ရှိပြီး မြို့ခံများအကြား စိုးရိမ်စိတ်များ မြင့်တက်နေကြသည်ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ပိုင်း ၇ နာရီ ၁၅ မိနစ်လောက်ကတည်း ခမရ ၅၅၀ တပ်ရင်းကနေပြီး လက်နက်ကြီးနဲ့ စပစ်တာဖြစ်တယ်။ ခမရ ၅၅၀ ကတော့ လက်နက်ကြီးရော့ လက်နက်ငယ်ပါ ပစ်နေတုန်းပဲ။ လက်နက်ကြီးနဲ့ ပစ်နေတာ အကြိမ် ၃၀ လောက်ရှိပြီ။ စျေးတွေ ကျောင်းတွေအကုန်ပိတ်လိုက်ကြရတယ်။ ဒီမြို့မှာက ၂၀၂၀ ခုနှစ်နောက်ပိုင်း ဒီနေ့မှ လက်နက်ကြီး စပစ်သံကြားတော့ လူတွေက အကုန်လုံး စိုးရိမ်နေကြတယ်”ဟုပြောသည်။

အတည်မပြုရသေးသော သတင်းများအရ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆားအင်းကြီး ကျေးရွာအနီးမှာ စစ်တပ်ရိက္ခာကားကို AAဖက်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်သတင်းကို ကြားရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ပဒေသာကျေးရွာနဲ့ ဆားအင်းကြီး ကျေးရွာအနီးမှာ စစ်တပ်ရိက္ခာကားကို AAဖက်က ကြားဖြတ်တိုက်ခိုက်တယ်လို့ သတင်းကြားတယ်။ ပစ်တာကတော့ အဲဒီဖက်ကို ပစ်တာ။ အတိအကျတော့ ကျွန်တော်လည်းမသိရသေးဘူး။ ထိခိုက်မှုအခြေအနေကို မသိရသေးဘူး” ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း-ကျောက်တော်နယ်ခွဲတွင် စစ်ကောင်စီ၏ ရိက္ခာပို့သည့် ကားကို အေအေကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပသ်ခတ်မှုမျာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးစစ်ဘေးရှောင်နေကြရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့နယ် ကဇုကိုင်းအုပ်စု သရက်ပင်ချောင်းရွာအနီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့် တပ်တော် AAတို့ တစ်ရက်တည်းအတွင်း သုံးကြိမ်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ကဇုကိုင်းဗျူဟာနှင့် တပ်စခန်းတွေကနေ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။

ရခိုင်တွင် စစ်တွေ၊ ကျောက်တန်း၊ ကျောက်တော် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက အချိန်ကြာမြင့်စွာစစ်ဆေးခြင်း၊ အထုပ်များအား ဖွင့်ဖောက်စစ်ဆေး၍ ပစ္စည်းဆုံးရှုံးရခြင်း၊ ပြည်သူများကို အချိန်ကြာမြင့်စွာ တန်စီးရပ်ခိုင်းခြင်းတိုကြောင့် ခရီးသွားလာမှုတွင် နှောင်းနှေးလာရခြင်းတို့ဖြစ်ပေါ်လာနေသည်။

(Western Newsသည် ရန်ကုန်ခေတ်သစ်၏မိတ်ဖက် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article