26 C
Yangon

စစ်ကိုင်းရဲစခန်းမှ အရက်ကြောင်၍ ထွက်လာသော တပ်မ ၃၃ မှ တပ်သား လွမ်းကိုကို ကို PDF က ဖမ်းဆီး၊ ဖမ်းဆီးရမိချိန်တွင် တပ်သားက ပြန်လည် ခုခံတိုက်ခိုက်သော်လည်း မလွတ်မြောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းရဲစခန်းတွင် တာဝန်ကျနေသည့် တပ်မ ၃၃ မှ တပ်သား လွမ်းကိုကို ကို PDF တပ်များက ဖမ်းဆီးရမိကြောင်း PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ၊တပ်မ(၃၃)မှ တပ်သား လွမ်းကိုကို မှစစ်ကိုင်းမြို့နယ် ရဲ စခန်းမှ အပြင်သို့ အရက်ကြောင် ကြောင်ပြီးထွက်လာစဉ် ‌မတ္တရာမြို့နယ်ဗိုလ်ကောင်း ကင်တော်လှန်ရေးအင်အားစု နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ရကြောင်း၊ အဆိုပါ စစ်သားကို ပြန်လည် ကယ်ဆယ်ရန် စစ်သား ၁၀ ဦးက လက်နက်အပြည့်အစုံဖြင့် လိုက်လာကြောင်း၊ တော်လှန်ရေး ရဲဘော်များက ပြန်လည်ပစ်ခတ်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ အထိခိုက်အကျဆုံး အခြေအနေ မသိရသေးကြောင်း သိရှိရသည်။

“သူက ပြန်ခုခံတော့ မျက်နှာတွေကတော့ စုတ်ပြတ်သွားတာတယ်။ အခုတော့ သက်ဆိုင်ရာ နယ်မြေခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီ လွှဲပေးထားပါတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖမ်းဆီးရမိသော တပ်သား လွမ်းကိုကိုအား သက်ဆိုင်ရာ ပြည်သူ့အုပ်ချပ်ရေး မြို့နယ်၊ နယ်မြေခံအဖွဲ့စည်းများလက်သို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖမ်းဆီးရမိသည့် တပ်မ ၃၃ မှ တပ်သား လွမ်းကိုကို။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article